Story 2

4.4K 596 27
                                    


ပတ်​ဝန်းကျင်​တွင်​ ​မှောင်​ရိပ်​က ကြီးစိုးလို့လာပြီဖြစ်​သည်​! ကျွန်​​တော်​​ရှေ့က မီးဖို​လေးရဲ့ တစ်​ဖျစ်​ဖျစ်​မြည်​သံနှင့်​အတူ ညပိုး​ကောင်​တို့ အသံတစ်​ချို့ကလွဲလို့  အရာရာဟာ တိတ်​ဆိတ်​​နေတယ်​!

"အဲဒီ​နောက်​ Mahiro က သူ့အ​ကြောင်း​တွေကို Akira ကို ​ပြောပြခဲ့တယ်​"

အဲဒိလို လူစိမ်းက သူ့ပုံပြင်​ကို ဆက်​ရင်း တိတ်​ဆိတ်​မှုကို ဖြိုခွဲလိုက်​သည်​!

"ဘာလို့Mahiro က သူ့အ​ကြောင်း​တွေကို အားလုံး​ပြောပြရသလဲဆိုရင်​ သူကဘယ်​လို​ကောင်​လည်းဆိုတာ Akira ​ကောင်း​ကောင်းနားလည်​သွားဖို့နဲ့ သူ Akira နဲ့ ဆက်​​နေဖို့ မဖြစ်​နိုင်​ဘူးဆိုတာ Akira ​သေချာသိသွား​စေဖို့ပဲ "

လူစိမ်းရဲ့ မျက်​လုံးတစ်​စုံက မီး​ရောင်​​အောက်​မှာ အရည်​လဲ့​နေသလိုပဲ ကျွန်​​တော်​စိတ်​ထင်​တာလား?

"အဲဒိ​တော့ Akira က ဘယ်​လိုဆုံးဖြတ်​သလဲဟင်​?"

ကျွန်​​တော်​​မေးခွန်းကို လူစိမ်းက ​မေးခွန်းတစ်​ခုနဲ့ပဲ တုန့်​ပြန်​ခဲ့တယ်​!

"မင်းသာ Akira ဆိုရင်​ ဘယ်​လိုဆုံးဖြတ်​မလည်း?"

ကျွန်​​တော်​ စက္ကန့်​အနည်းငယ်​ တိတ်​ဆိတ်​​နေခဲ့သည်​!အကယ်​၍ ကျွန်​​တော်​သာ Akira ဆိုရင်​လား!?

"Mahiro အ​ကြောင်း​တွေသိသွားပြီးမှတော့ သူ့ကို ဒီလိုတစ်​​ယောက်​ထဲ အထီးကျန်​ဘဝမှာ ဆက်​မထားခဲ့ချင်​ဘူး"

မီး​ရောင်​​အောက်​မှာ လူစိမ်းက ​ယောင်​​ယောင်​​လေးပြုံး​နေသလို! ကျွန်​​တော်​ မကြားနိုင်​​လောက်​တဲ့ ​လေသံတိုးတိုးဖြင့်​ စကားတချို့​ရေရွတ်​​နေတယ်​! အဲဒိ​နောက်​...........

"Akira လည်း မင်းလိုပဲဆုံးဖြတ်​ခဲ့ပုံပဲ ! သူ Mahiro ကိုထွက်​သွားခွင့်​မပြုခဲ့ဘူး​လေ"

__________ Endless Love __________

"Mahiro! အတိတ်​မှာ မင်းအထီးကျန်​ ခံစားခဲ့ရတာ​တွေ​မေ့လို​​က်​​တော့ မင်းနားမှာ ငါရှိ​နေပြီပဲ​လေ "

အဲဒီလို Akira ပြုံးရွှင်​ပြီး​ပြောခဲ့​စဉ်​က Mahiro စိတ်​ထဲ ​လေးလံ​​နေခဲ့သည်​! သူ ဘယ်​လိုလုပ်​ Akiraနား ဆက်​​နေရမလည်း? သူက အချိန်​မ​ရွေး Akira ကို ထိခို​က်​​စေနိုင်​သည်​​လေ! ​နောက်​သူကိုယ်​တိုင်​က​ရော ​နောက်​ထပ်​ ​နှောင်​ဖွဲ့မှုမျိုး ထပ်​မလိုချင်​​တော့ဘူးမို့လား! ဒါ​ပေမယ့်​ ​မျှော်​လင့်​ချက်​အပြည့်​နဲ့ ​စောင့်​​မျှော်​​နေတဲ့ Akira ရဲ့ မျက်​ဝန်း​ကြောင့်​ Mahiro ​ခေါင်းငြိမ့်​ဖြစ်​ခဲ့မိတယ်​!

Endless LoveWhere stories live. Discover now