Story 5 [Final]

6K 708 44
                                    

မီးဖိုထဲမှာ Akira တစ်​​ယောက်​ အလုပ်​ရှုပ်​လို့​နေတယ်​! Mahiro အ​ကြောင်း​တွေးမိရင်​ သူအမြဲတမ်းရင်​ခုန်​သံမမှန်​ချင်​! Mahiro နဲ့အတူရှိ​နေတဲ့ အချိန်​ အခိုက်​အတန့်​​လေး​တွေ အကုန်​လုံး Akira အတွက် အံ့သြရင်​ခုန်​ဖွယ်​ရာ​တွေချည်းပင်​! ထို့အပြင်​ Mahiro က Akira ကို စိတ်​ဆိုး​အောင်​လုပ်​နိုင်​တယ်​ ရယ်​​မော​​ပျော်​ရွှင်​​အောင်​လည်းလုပ်​နိုင်​လေသည်! သူ Mahiro နဲ့ ဒီလိုပဲ ထာဝရတူတူ​နေသွားချင်​တယ် !

ထာဝရ.........

ထာဝရတဲ့လား.......!?

နှစ်​​ပေါင်း​ထောင်​ချီ မ​သေနိုင်​တဲ့ ​သွေးစုပ်​​ကောင်​တစ်​​ယောက်​နဲ့ သာမာန်​လူသားတစ်​​ယောက်​တို့ရဲ့ ထာဝရဆိုတာ အချိန်​ဘယ်​​လောက်​ကြာကြာဖြစ်​နိုင်​မလည်း? သူမသိ​ပေမယ့်​ သူအသက်​ရှင်​​နေသ၍​တော့ Mahiro နားမှာပဲ ​နေချင်​ပါတယ်​!

Mahiro​ က​ရော.......

ဒီအဖြေကို Akira မသိပါချေ...!

Mahiro ကြိုက်​တဲ့ pan cake ​တွေလုပ်​ရင်း Mahiro ပြန်​အလာကို ​စောင့်​​နေမိတယ်​!

*( အရင်​ဆို ဒီအချိန်​ထိမ​နေပါဘူး ဘာလို့ပြန်​မလာ​သေးတာလည်း?)

*ကလင်​ ကလင်​*

ရုတ်​တရက်​ အိမ်​​ရှေ့က door bell မြည်​သံ​လေးကြားလိုက်​ရသည်​!

*(အ~ Mahiro ထင်​တယ်​)

လက်​ထဲက ဒယ်​ပိုင်းကို ​အောက်​ချပြီး Akira အိမ်​​ရှေ့​ပြေးထွက်​လာခဲ့သည်​!

"Mahiro.........a~ ? Shun?"

အိမ်​​ရှေ့မှာ​တွေလိုက်​ရသူက Mahiroမဟုတ်​ခဲ့ !

"Shun ဒီအချိန်​ကြီး ဘာကိစ္စ....."

"ဘာလည်း ငါက မင်းဆီကိစ္စရှိမှလာရမှာလား"

Shun က Akira ပုခုံးကို ဆုတ်​ကိုင်​လိုက်​ရင်း​ပြောသည်​!

"အာ မင်းကလည်း အကျ​ကောက်​​နေပြန်​ပြီ ဘာဖြစ်​လာတာလည်း မင်းကြည့်​ရတာတမျိုးပဲ"

Akira က Shun လက်​ထဲက အသာရုန်းထွက်​လိုက်​တယ်​!

Shun က Akira ကို ခပ်​ကြမ်းကြမ်းဖက်​လိုက်​ရင်း.......

Endless LoveWhere stories live. Discover now