Story 4

3.8K 569 31
                                    


ညက ရှည်​လျားလွန်းလှသည်​! ကျွန်​​တော့်​ ရင်​ဘတ်​ထဲမှာ အမျိုးအမည်​ မသိ ​ဝေဒနာက တဆစ်​ဆစ်​နာကျင်​လျှက်​ရှိသည်​! လူစိမ်းက.....

"Mahiro က အဲဒိအချိန်​တုန်းက Akira ကို လက်​​လျော့ဖို့....."

"ဟင့်​အင်း!!!!!!!!!!!"

"............"

"ဘာလို့လက်​​လျော့ရမှာလည်း!!!!!!! သူ သူ Akira ကို ချစ်​တယ်​ မဟုတ်​ဘူးလား? Akira သ​ဘောထားကို​မေးကြည့်​သင့်​တယ်​ ! ဘာလို့ ဒီလို လွယ်​လွယ်​နဲ့..... အာ!  ဘာ.... ဘာလို့လည်း!!!!?"

ကျွန်​​တော်​ဘာလို့ ​ဒေါသတကြီး​အော်​ဟစ်​မိ​နေလည်းမသိပါ! ကျွန်​​တော်​ဘာလို့ Mahiro ဘာမှမ​ပြောပဲ Akira ကို ထားခဲ့မှာ​ကြောက်​​နေမိမှန်းမသိပါ! ​နောက်​ ကျွန်​​တော်​ ဘာလို့.....

"အာ!  ဘာလို့လည်း..?"

ကျွန်​​တော့်​ပါးပြင်​မှာ ပူ​နွေး​နေတဲ့ စီး​ကြောင်းနှစ်​ခု ! ကျွန်​​တော်​ ငို​နေမိတာလား!? မီးပုံထဲက ပြာ​တွေ ဝင်​လို့​ရော မဖြစ်​နိုင်​ဘူးလား! ကျွန်​​တော်​ ရင်​ဘတ်​ထဲ အသက်​ရှုကျပ်​လာတယ်​! ဘာလို့လည်း! ? စီးကျ​နေတဲ့ မျက်​ရည်​​တွေကို ကျွန်​​တော်​အလန့့်​တကြားသုတ်​ပစ်​​နေမိသည်​!

"မင်းလက်​​တွေနဲ့ မဖြစ်​ဖူး​လေ"

လူစိမ်းက ကျွန်​​တော်​လက်​တစ်​စုံကို ဖမ်းချုပ်​ထားရင်း ခပ်​တိုးတိုးဆိုသည်​!

"မင်းလက်​က ​စော​စောက ထင်း​ချောင်းက ဖုန်​​တွေနဲ့​လေ ဖယ်​ ငါသုတ်​​ပေးမယ်​"

လူစိမ်းက ကျွန်​​တော်​ကြားရရုံ ​လေသံတိုးတိုးဖြင့်​​ပြောရင်း ကျွန်​​တော်​ မျက်​ရည်​​တွေကို သုတ်​​ပေး​နေသည်​! ကျွန်​​တော်​ ရှက်​ရွံ့စွာ​ခေါင်းငုံထားမိတယ်!

" အဟက်​ ခင်​ဗျားက ပုံ​ပြောသိပ်​​ကောင်းတာပဲ ကျွန်​​တော်​ မသိလိုက်​ခင်​မှပဲ သူတို့အတွက်​ ခံစား​နေမိပြီ"

ကျွန်တော် ခြောက်ကပ်ကပ်ရယ်ရင်း ပြောမိပြန်တယ်!

" ငါ ပုံ​ပြောမ​ကောင်းပါဘူး တကယ်​တမ်းက......ထားပါ​လေ မင်း အဆင်​​ပြေရဲ့လား?"

Endless LoveWhere stories live. Discover now