Story 3

3.9K 575 13
                                    


"စီ....စီ.....စီ"

ညဉ့်​ ပိုး​ကောင်​တို့ ​အော်​မြည်​သံ သစ်​ရွက်​​လေတိုးသံတို့ အပြင်​ လူစိမ်းဆီက သက်​ပြင်းချသံ သဲ့သဲ့ထွက်​​ပေါ်လာသည်​!

*sigh*

"ခံစားချက်​​တွေက ကိုယ်​တိုင်​​သတိမထားမိလိုက်​ခင်​မှာပဲ နှလုံးသားမှာ အမြစ်​တွယ်​​နေနှင့်​ပြီ​လေ"

ကျွန်​​တော်​ လူစိမ်းရဲ့စကားကို နှလုံးသားနဲ့ နားလည်​လိုက်​သလိုပဲ!

"Mahiro နှလုံးသားမှာ Akira အမြစ်​တွယ်​​နေပြီ​ပေါ့"

ကျွန်​​တော်​ရဲ့မှတ်​ချက်​ကို လူစိမ်းက ​ခေါင်းတစ်​ငြိမ့်​နဲ့ အသိအမှတ်​ပြုတယ်​!

"Akira ဆီကို Mahiro ခံစားချက်​​တွေ ​ရောက်​နိုင်​ရင်​​ကောင်းမှာပဲ ! Mahiro ဖွင့်​​ပြောခဲ့လား?"

"ဇာတ်​လမ်းက မင်းထင်​သလို မရိုးရှင်းဘူး​လေ! သူတို့က ရှင်​သန်​ရာ ဘဝချင်းမှ မတူကြပဲ"

ကျွန်​​တော်​ စက္ကန့်​အနည်းငယ်​တိတ်​ဆိတ်​ပြီး စကားလုံးရှာ​နေမိတယ်​! ဒီအတိုင်း ရှင်​သန်​ရှာ ဘဝချင်းမတူဘူးဆိုပြီး ထားလိုက်​ရမှာလား ! Akira က​ရော !? Akira ရဲ့ ခံစားချက်​ကို နည်းနည်း​တော့ ငဲ့ကြည့်​သင့်​တယ်​ထင်​တယ်​!

"ဒါ Mahiro တစ်​​ယောက်​ထဲဆုံးဖြတ်​ရမယ့်​ ကိစ္စမှ မဟုတ်​ပဲ! သူ.... သူ Akira ခံစားချက်​ကို လျစ်​လျူ မရှုသင့်​ဘူး ! အနည်းဆုံး..... အနည်းဆုံး Akira ကို ​မေးကြည့်​သင့်​တာ​ပေါ့ !!!"

ကျွန်​​တော့်​စကားသံက ​ဒေါသ အနည်းငယ်​ စွက်​လျှက်​ရှိသည်​!
လူစိမ်းက အနည်းငယ်​ပြုံးရင်း သူ့ဇာတ်​လမ်းကို ဆက်​ခဲ့တယ်​!

__________ Endless Love __________

နှစ်​တစ်​နှစ်​ရဲ့ ​နွေရာသီအစမှာ Akira တို့ အိမ်​ထပ်​ခိုး​လေးကို သန့်​ရှင်း​ရေးလုပ်​ကြတယ်​!

"Ma....hi.... ro!!!!!!!! ဒီ​စောင်​​တွေအပြင်​ထုတ်​လှမ်းရ​အောင်​"

"အင်း ခဏ ငါလာခဲ့မယ်​ ဒီပုံး​တွေ အ​ပေါ်တင်​လိုက်​ချင်​လို့"

"အ~ ဟုတ်​သား ​နေအုံးငါလာပြီ"

Akira လက်​ထဲက ​စောင်​​တွေကို ချခဲ့ပြီး Mahiro ဆီ​ပြေးသွားသည်​! Mahiro က ပစ္စည်းအတိုအစ​တွေ ထည့်​ထား​သောပုံး​တွေကို စင်​​ပေါ်တင်​​နေတယ်​! နောက်ပုံးတစ်ခုထဲမှာ ဓာတ်ပုံ album တွေလည်းပါသည်! Mahiro နည်းနည်း စပ်စုကာ လှန်လှောကြည့်လိုက်တယ်!

Endless LoveWhere stories live. Discover now