Baby ❤

6.4K 457 9
                                    

မဖြစ်သင့်သော တစ်ဖက်သတ်အချစ်တို့သည်
သူ၏ အပြုအမူတစ်ခုကို
စွဲလမ်းမိရာမှ စတင်ခဲ့သည် ။

❤❤

Baekhyun's pov ;

" Dong woo ရေ .. ဒီသစ်ခွပင်ကို ဟိုဘက်အခြမ်းကို ပြောင်းစမ်းပါ .. "

" Lee Arjushi ရေ .. ထမင်းစားခန်းကို ရှင်းလင်းပြီးပြီလား ? "

" ရှင်းပြီးပြီ မမကြီး .. "

အိမ်အောက်ထပ်ကို ဆင်းလာတာနဲ့ တစ်ယောက်တည်း အလုပ်တွေရှူပ်နေပုံပေါ်သော Omma ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည် ။

အလုပ်သမားတွေလည်း ဟိုပြေးဒီပြေးနဲ့ .. ဘာတွေ ရှူပ်နေကြမှန်းကိုမသိ ။

ကြည့်ရင်း မျက်စိနောက်လာတာကြောင့် ဆက်မကြည့်တော့ဘဲ မီးဖိုချောင်ကိုသာ ၀င်လာတော့သည် ။ သူအခုမှနိုးတာဆိုတော့ မနက်စာမစားရသေး ..

" Arjima ရေ .. အိမ်မှာ ဘာတွေဖြစ်နေတာလဲ ? မျက်စိတွေကို မူးနောက်နေတာပဲ "

စားပွဲပေါ်ဝင်ထိုင်လိုက်ပြီး ဟင်းအိုးတွေကို ပြင်ဆင်နေဟန်တူတဲ့ arjima ကို မေးခွန်းထုတ်မိသည် ။

" သားလေး နိုးလာပြီလား ? သားကို သားအမေမပြောဘူးလား .. ဒီနေ့ အရေးကြီးတဲ့လူ လာမယ်တဲ့ .. "

အရေးကြီးတဲ့လူ ?? အခုရက်ပိုင်း သူကျောင်းမှာ project တစ်ခု တင်စရာရှိတာကြောင့် အိမ်ကို အတော်လေးနောက်ကျမှ ပြန်ရောက်သည်လေ .. ဒီသတင်းအကြောင်း တစ်စွန်းတစ်စလေးမှပင် မသိရ ။

" Hyunee ရေ .. အခုမှထတာလား ? နိုးပြီဆိုလည်း အခန်းကို နည်းနည်းရှင်းထားဦး .. အခန်းထဲ ၀င်ကြည့်ချင်လို့ဆိုပြီး မင်းအခန်းထဲရောက်လာရင် အမှိုက်ပုံနဲ့ မှားသွားဦးမယ် "

ပြောနေတုန်း မီးဖိုချောင်ထဲ ၀င်လာသော Omma .. နိုးတာနဲ့ အလုပ်တွေကို တရပ်စပ်ခိုင်းနေသော အမေကြောင့် နှုတ်ခမ်းဆူကာ မကျေနပ်ကြောင်းပြမိသည် ။ သို့ပေမယ့် ဟင်းရွက်တွေကို လှီးဖြတ်ကာ အလုပ်ရှူပ်နေသော ချစ်လှစွာသောမွေးသမိခင်ကတော့ မြင်ဟန်မတူ .. ။

One Shot collection 💜💜Where stories live. Discover now