ကြယ် .. ။
ဟိုးအဝေး တစ်နေရာမှာ .. ကျွန်တော်တို့ ထိတွေ့ခွင့် မရှိတဲ့ .. အမြင့်ဆုံး ကောင်းကင်ယံထက် တောက်ပစွာ တည်ရှိနေတဲ့ ကြယ် .. ။
အကယ်၍ အဲ့ဒီကြယ်လေးသာ အကြောင်းအရင်းတစ်ခုကြောင့် ကြွေကျသွားခဲ့မယ်ဆိုရင် .. အဲ့ဒီကြယ်လေးကို .. ခင်ဗျား ဆက်ပြီး တန်ဖိုးထားနိုင်ဦးမလား ??
ကျွန်တော်လား ?? ကျွန်တော်ကတော့ ......
🌠🌠🌠
Luhan's pov ;
2016 September 17 ( စနေနေ့ )
....
နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ပြက္ကဒိန်ပေါ်ရှိ နေ့စွဲများအား လက်ဖြင့် အသာတို့ထိကာ နှစ်ခြိုက်စွာ ပြုံးနေမိသည် ။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီလေ .. ကျွန်တော် လပေါင်းများစွာ လက်ချိုးရေရင်း စောင့်စားနေခဲ့ရတဲ့ ဒီနေ့ ..။
September လ 17 ရက်နေ့ ။
ကျွန်တော့် အကြည့်က စာအုပ်များ သပ်သပ်ရပ်ရပ်စီထားသော စားပွဲခုံထက် ရှိနေတဲ့ လက်မှတ်တစ်စောင် .. ။
ဒီလက်မှတ်လေးရဖို့ ဘယ်လောက်ပင်ပန်းလဲ ကျွန်တော်သာသိမည် ။
လက်မှတ်စရောင်းတဲ့ စက္ကန့်ပိုင်းအတွင်း စံချိန်ချိုးစွာ ရောင်းကုန်သွားတတ်တာကြောင့် တက်ကြွစွာပဲ မနက် ၃ နာရီကတည်းက လက်မှတ်ရောင်းတဲ့ နေရာရှေ့ စောင့်နေပြီး မိန်းကလေးများနှင့် အပြိုင်တိုးကြိတ်ကာ ၀ယ်ရသည် ။
ယောက်ျားလေးတန်မဲ့ မိန်းကလေးနဲ့ အပြိုင် အသည်းအသန် တိုးဝှေ့နေသော ကျွန်တော်အား ပွစိပွစိဖြင့် မေတ္တာပို့နေသော မိနိးကလေးများလည်း မနည်းလှ ..
ဒါပေမယ့်လည်း ကျွန်တော် ဂရုမစိုက်နိုင် .. အဓိကက လက်မှတ်ရဖို့ပဲလေ .. ။
စည်းကမ်းကြီးလှသော Appa နဲ့ Omma ကြောင့် ဒီလို concert ကို သွားကြည့်ရဖို့ဆိုတာ အဝေးကြီး ..
ဒီတစ်ခေါက်တော့ ကျွန်တော် တငိုငိုတရယ်ရယ် ဖြစ်နေတာကို စိတ်မကောင်းဖြစ်ဟန်တူသော Omma က Appa ကို ချော့ပြောမှသာ .. သွားကြည့်ချင် သွားကြည့်ဆိုတဲ့ ခွင့်ပြုချက်ကို ရသည်လေ .. ။