Bet ||Adorer Ficbook ||

3.6K 335 4
                                    

You will fall in love with unexpected person
at the most unexpected time ..

«°«°«°«°

ကျွန်းရောင်ပြောင်လဲ့နေသော လေးထောင့်ပုံစားပွဲဝိုင်းဘေးတွင် ပတ်ပတ်လည်ရှိနေကြသော လူတစ်စု ..

အတော်လေး အဆင့်အတန်းမြင့်ဟန်တူသော လူခြောက်ယောက်၏ အကြည့်များက စားပွဲဝိုင်း၏ ထိပ်ဆုံးတွင် တင်းမာသောမျက်နှာထားဖြင့် ထိုင်နေသော လူငယ်ထံတွင်သာ ..

တစ်ယောက်ချင်းစီရှေ့တွင် အရေအတွက် မည်မျှဟု ပြောရအောင်ပင် ခက်ခဲသော လောင်းကစားဝိုင်းသုံး ကြေးပြားများက အပုံလိုက်ပင် ..

ထိုဝိုင်းတစ်ခုထဲသာမဟုတ်ပဲ အခြားဝိုင်းများကပင် စိတ်ဝင်တစား ကြည့်နေရလောက်အောင်ပင် ပွဲက စိတ်လှုပ်ရှားဖွယ်ကောင်းလှသည် ။

" ဒါ နောက်ဆုံးတစ်ကဒ်ပဲ "

ဝိုင်း၏ ထိပ်ဆုံးတွင်ထိုင်နေသော လူငယ်က အခြားလူခြောက်ယောက်ကို ခြုံကြည့်ကာ နှုတ်ခမ်းတို့ကို တွန့်ချိုးရင်း ဖဲချပ်ကိုထောင်ကာ ပြောလိုက်သော လှောင်ရယ်သံစွက်သည့် စကားအဆုံး ထိုခြောက်ယောက်လုံး၏ မျက်နှာများမှာ သွေးမရှိတော့ ..

ထိုလူငယ်ကတော့ အပြုံးမပျက်ပင် ..

" လောင်းကြေးကို မမေ့ပါဘူးနော် "

သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်သော လူငယ်လေး၏ စကားအဆုံး Dong Ho တစ်ယောက် ပို၍ပင် ထိတ်လန့်လာသလို ..

" ဒီဖဲချပ်က မင်းကိုနိုင်စေတဲ့ကဒ်ဖြစ်မယ်လို့ ပြောလို့မရသေးဘူးလေ .. "

မျက်နှာကို ခပ်တည်တည်ထားကာ အသံကိုမတုန်အောင် ကြိုးစားထိန်းရင်း ပြောလိုက်ရပေမယ့် စိတ်ထဲတွင်တော့ မီးမြိုက်နေသလို ပူလောင်နေလေပြီ ..

" ဟက် !! စောင့် .. ကြည့် .. လေ "

နှုတ်ခမ်းက ပြုံးနေပေမယ့် တစ်လုံးချင်းထွက်လာသော စကားသံက ခြိမ်းခြောက်သံကဲ့သို့ပင် .. လူသတ်အပြုံးလို့ဆိုမလား .. သူ့ရဲ့အပြုံးကို မြင်တိုင်း လူတိုင်းလိုလို အနည်းငယ်မျှတော့ ရှိန်သွားကြစမြဲ .. နူးညံ့သော အပြုံးမဟုတ်ပဲ နှုတ်ခမ်းတစ်ဖက်ကိုသာ တွန့်ချိုးရင်း ပြုံးတာ သူ့ရဲ့စတိုင်ဟုပင် ဆိုရမလို ..

One Shot collection 💜💜Where stories live. Discover now