It's Party.. ^^

2.8K 262 84
                                    

Baekhyun's pov;

ဖြူ ဖွေးကာ သွေးကြောစိမ်းများ ထင်းနေသော လက်ကောက်ဝတ်ထက်တွင် ပတ်ထားသော Rolex ရွေရောင်နာရီလေး၏ လက်တံများမှာ ၉ နာရီ ၁၅ မိနစ်အတိကို ညွန်ပြနေပြီမို့ ချိန်းထားသည့်အချိန်ကို ၁၅ မိနစ်တိတိပင် ကျော်နေလေပြီ ။

ကိုယ်တိုင်က ဘယ်သူနဲ့ပဲချိန်းထားထား မိနစ် ၂၀ လောက် စောရောက်နေတတ်သူမို့ ကော်ဖီဆိုင်ထဲ တစ်ယောက်တည်း ကော်ဖီတစ်ခွက်ကိုသာမှာရင်း မျက်နှာပြောင်ပြောင်ဖြင့် ထိုင်စောင့်နေရသည်မှာ ၃၅ မိနစ်တိတိပင် ရှိနေပြီမို့ အလိပ်လိုက်တက်လာသော ဒေါသတို့အား အတန်ငယ်အေးစက်နေပြီဖြစ်သည့် ကော်ဖီဖြင့် မြိုချနေရသည့်အဖြစ် ..

ချိန်းလိုက်တိုင်း ဘယ်တော့မှစောမရောက်ဖူးသူကို တကူးတက စောစောလာစောင့်မိသည့် ကိုယ့်ကိုကိုယ်သာ ထုရိုက်ပစ်ချင်မိတော့သည် ။

ပြင်ဆင်စရာရှိသည့် ပွဲတစ်ခုအား အတူပြင်ပေးရန်အတွက် လွန်ခဲ့သည့် ၂ ပတ်လောက်ကတည်းက အတန်တန်သတိပေးကာ နောက်မကျရန် ကြိမ်းဝါးထားသော်ငြား သူဆိုသည်မှာ အစဉ်အလာမပြတ်နောက်ကျဆဲ ..

တစ်ကယ်တမ်းကျ ကော်ဖီဆိုင်ထဲတွင် တစ်ယောက်တည်းထိုင်ရသည်မှာ ထင်ထားသည်ထက်ပို၍ အူကြောင်ကြောင်နိုင်လှသည် ။

မှန်များဖြင့်ကာထားသော ကော်ဖီဆိုင်လေး၏ မှန်ဘေးကပ်ရပ်ခုံတွင် ထိုင်နေသည်မို့ အပြင်ဘက်တွင် သွားလာနေသူများကို လျှောက်ကြည့်ရင်း အချိန်တို့အမြန်ဆုံးကုန်ဆုံးနိုင်ရန် တတွတ်တွတ်ဆုတောင်းနေရသည်အထိပင် ..

စုံတွဲများ သူငယ်ချင်းများ အုံးအုံးထကာ ဆူညံပွတ်လောရိုက်နေကြသည့် ကော်ဖီဆိုင်ထဲ ပျင်းလွန်း၍ အိပ်ပျော်လုဆဲဆဲဖြစ်လာလေ ဟိုလဒကို သတ်ချင်လာလေ ..

လာစမ်း .. လာစမ်းပါ ။ သေဖို့သာ ပြင်ထားတော့ .. ။

အသားကုန်ကြိမ်းဝါးနေတုန်း မှန်ကနေတစ်ဆင့် လှမ်းမြင်လိုက်ရသည့် ရင်းနှီးသည့် ပုံသဏ္ဍာန်ကြောင့် ကိုယ့်ကိုမြင်မည် မမြင်မည် မသေချာသော်ငြား အလိုလို မေတ္တာပို့မိလျက်သား ..

One Shot collection 💜💜Where stories live. Discover now