Magic Love || 11:11 ficbook ||

4K 371 10
                                    

There is no magic formula to make somebody loves you.
Just focus on what you can control being your trust and best self..

💜💜💜

Chanyeol's pov;

နွေဦးရာသီကို ကျော်လွန်၍ နွေရာသီအလယ်ပိုင်းကိုပင် ရောက်နေပြီမို့ နေရောင်သည်လည်း လူကို နေမရ ထိုင်မရ ဖြစ်ရလောက်အောင်ပင် ဆိုးဆိုးဝါးဝါးအပူရှိန်ပြင်းလှသည် ။

နဂိုကတည်းက နေအပူရှိန်ကို ကြောက်သည့်ကျွန်တော့်အတွက် နေမထိဘဲ အေးအေးဆေးဆေး နှပ်နေလို့ရမယ့်နေရာမှာ သိပ်တော့ များများစားစား မရှိလှပါလေ .. ။

အိမ် .. ကျောင်း .. စာကြည့်တိုက် ။ ထိုသုံးခုသာ ။

ကျွန်တော်ကျောင်းတွင်ရှိနေရမည့် အချိန်များ၏ ၃ ပုံ ၂ ပုံခန့်သည် ကျောင်းစာကြည့်တိုက်တွင်သာ ကုန်သွားတတ်သည် ။

အင်း .. စာကြည့်တိုက်မှာသာ အချိန်ကုန်တတ်သူမို့ ကျွန်တော့်ကို ပါဝါမျက်မှန်ထူထူ တစ်လက်ကို ပုံပျက်ပန်းပျက် တပ်ထားရင်း လူကိုဖိသတ်လို့ရမယ့် စာအုပ်ကြီးရှေ့ ရှူပ်ရှက်ခတ်နေအောင် မှတ်စုစာအုပ်များ , Colour pen များ ဖြန့်ကျဲကာ စာတစ်ခုတည်းကိုသာ ပေါက်ထွက်မတတ်လုပ်နေသည့် စာဂျပိုးတစ်ယောက်ဟု ထင်နေလျှင်တော့ သင့်အမြင် ခွက်ခွက်လန်အောင် မှားပြီဟုသာ ပြောချင်ပါသည် ။

စာကြည့်တိုက်တွင် လာထိုင်နေရသည့် အကြောင်းအရင်းများထဲမှ အဓိကတစ်ချက်က .. တိတ်ဆိတ်ခြင်း .. ။

ကျွန်တော့်တွင် အတော်လေး ဆိုးဝါးသည့်အကျင့်ရှိသည် ။ ဆူညံနေလျှင် ဂိမ်းလုံးဝမကစားတတ်ခြင်းပင် ။ ဂိမ်းကစားပြီဆိုသည်နှင့် ဖုန်းကိုသာ သဲကြီးမဲကြီး အာရုံစိုက်တတ်သည်မို့ ဆူညံသံကြားလျှင် feel ပြတ်သည်ဆိုရမလား .. အမှန်ပင် အနှောင့်အယှက်ဖြစ်ရသည် ။

ဒီနေ့လည်း ထုံးစံအတိုင်း Level တက်ရန် အရေးကြီးဆုံး အချိန်ကို ရောက်နေပြီမို့ တိတ်တိတ်ဆိတ်ဆိတ် ဂိမ်းကစားချင်သည် ။ ထို့ကြောင့် အတန်းလစ်ကာ ကစားကွင်းသွားရန် တာဆူနေကြသော Kai နှင့် Chen ကိုပင် ပလစ်လိုက်ကာ ရိုးရာမပြတ် စာကြည့်တိုက်အတွင်းရှိ ချောင်ကျကျထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ရင်း ဂိမ်းဆော့နေတော့သည် ။

One Shot collection 💜💜Where stories live. Discover now