Two

3K 203 7
                                    


~~~Poison EGO~~~

မနက်​မိုးလင်း​တော့ ​ခေါင်းမူး​နေမှာစိုးတာနဲ့ ပျားရည်​​လေး​ဖျော်​​ပေးထားလိုက်​တယ်

ကျွန်​​တော့ရဲ့ babyက​တော့ အိပ်​ယာထက်​ ငြိမ်းချမ်းစွာ အိပ်​စက်​​နေဆဲ

Babe အရက်​​တွေ ​သောက်​​နေတယ်​ ကျွန်​​တော်​သူ့ကို လွတ်​လပ်​ခွင့်​​ပေးထားတယ်​ဆို​ပေမယ့်​ ဒီလိုမ​ကောင်းတာ​တွေ​တော့ အတုမယူ​စေချင်​ဘူး

Babe ပျက်​စီးသွားမှာစိုးတယ်​ babeကျွန်​​တော့်​ထပ်​ မ​ကောင်းခြင်း​တွေကို မြတ်​နိုးသွားမှာ စိုးတယ်

ချစ်​လွန်းလို့ပါ... babeကို ချစ်​တဲ့အချစ်​က တစ်ခါတစ်​ရံ​တော့ ပူ​လောင်​​စေတယ်

နာရီလက်​တံ တစ်​ချက်​ချက်​က ၇နာရီကို ​ရောက်​ပြီ

အိပ်​ယာထက်​က အအိပ်​မင်းသား​လေးကို နိုးဖို့အချိန်​တန်​ပြီ​ပေါ့

Babeက​လေ သိပ်​ချစ်​ဖို့​ကောင်းတာပဲ babeကျွန်​​တော့်​ကို ကျွန်​​တော်​ချစ်​တဲ့အချစ်​မျိုးနဲ့ မဟုတ်​ရင်​​တော့ အနည်း​ငယ်​​တော့ ပြန်​ချစ်​​နေ​စေချင်​တယ်

အတ္တကြီးတယ်​ဆိုတဲ့ ဂုဏ်​ပုဒ်​က ကျွန့်​​တော့ကို​ပေးတဲ့ baneရဲ့ လက်​​ဆောင်

ချစ်​တယ်​ babeရယ်​ ကို babe ကိုအရမ်းချစ်​တယ်

...|||...

'babe က​လေး'

'အင်း~~~'

အင်း...ခနဲ​နေကာ ​စောင်​နဲ့ လုံး​ထွေးသွားပြန်​သူ

Babe အပျင်းတစ်​​နေတာ ...

မနက်​ခင်းဆို သူ​ပေးတဲ့ မနက်​ခင်းအနမ်း​လေး ရဖူးချင်​တယ်​...

တီတီတာတာ​လေး​တွေနဲ့ ချွဲ့နွဲ့တာ​လေး ခံချင်​မိတယ်​...

Babe နှူတ်​ဖျားက ချစ်​တယ်​... ဆိုတဲ့ စကား​လေး အမြဲ ကြားချင်​မိတယ်​...

မဖြစ်​နိုင်​​သေးတဲ့ အရာ​တွေကို အမြဲ​တောင့်​တ​နေမိတာပါ

Poison EGOWhere stories live. Discover now