Thirty_Two

2.1K 128 6
                                    

Luhan, ဆိုင်မှ ​ပြန်​​ရောက်​​ရောက်​ချင်း သားသားအား
သူ့အခန်း​လေးထဲသိပ်​ကာ ထမင်းစားခန်းသို့​ပြေးရ​တော့
သည်​။

Baekhyun, နဲ့ စကား​ပြော​နေတာ အချိန်​ကြာသွားမိ
သည်​။ နာရီလက်​တံက ၆နာရီကို ညွှန်​ပြ​နေပြီဖြစ်​တာ​ကြောင့်
မကြာခင်​ သူပြန်​လာ​တော့မည်​။

ည​နေပိုင်းဆို ကျွန်​​တော်​သည်​လည်း မီးဖိုခန်းအလုပ်​အား
လုပ်​တတ်​​နေပြီဖြစ်​သည်​။ ကျွန်​​တော့်​ဂရုစိုက်​မှုလိုချင်​သည်
ဆို​သော သူ့အ​ပြော​ကြောင့်​ အခု​နောက်​ပိုင်း သူ့ရဲ့ကိစ္စမှန်​သ
မျှကို တတ်​နိုင်​သမျှ ကိုယ်​တိုင်​လုပ်​​ပေးဖြစ်​သည်

အရင်​က တစ်​ခါမျှမလုပ်​ဖူး​သော မီးဖို​ချောင်​ကိစ္စ​ကြောင့်
အနည်းငယ်​​တော့ အခက်​​တွေ့ရသည်​။ ထူးထူးဆန်းလုပ်
ပေးချင်​​သော ​နေ့များဆိုလျှင်​ online မှ မနည်းရှာ​ဖွေရ
ဖူးသည်​။ အစပ်​အဟက်​ မတည့်​မှာဆိုးတာ​ကြောင့်​လည်း
မနည်းသတိထားရသည်​။

Luhan, ​ရေခဲ​သေတ္တာထဲအသင့်​ရှိ​သော ဟင်းလျာများ
အား ထုတ်​ယူလာကာ ချက်​ပြုတ်​ရန်​စတင်​လိုက်​သည်​။

🕕🕡

'Luhan, မင်းရဲ့ arjeoshi ပြန်​​ရောက်​​နေပြီ´

'ဟင်​ ဟုတ်​လား?´

Luhan, အစားအ​သောက်​ထဲ အာရုံ​ရောက်​သွားမိသည်
မှာ နာရီဝက်​တိတိပင်​ ကြာသွားပြီဖြစ်​သည်​။

'ကား​ရောက်​​နေပြီ သွားလိုက်​အုန်း´

'အင်း အဲ့အိုး​လေး လက်​စသက်​​ပေးပါ​နော်​ arjooma´

အပူခံလက်​အိတ်​အား ချွတ်​လိုက်​ကာ arjooma,
လက်ထဲ ထည့်​​ပေးခဲ့ကာ ​Luhan, အ​ပြေးတပိုင်းနဲ့
ပြေးထွက်​လာသည်​။

ဧည့်​ခန်း​ရောက်​​တော့ Sehun, သားသားကိုပင်
ချီထား​နေပြီဖြစ်​သည်​။ လွန်​ခဲ့​သော နာရီဝက်​ကအိပ်​ထား
သော သားသားသည်​ အိပ်​​ရေးဝကာ မျက်​နှာ​လေးကြည်​လင်
နေသည်​။

You've reached the end of published parts.

⏰ Last updated: Nov 24, 2017 ⏰

Add this story to your Library to get notified about new parts!

Poison EGOWhere stories live. Discover now