Twenty_Seven

1.3K 147 39
                                    

Warm World🔮

'က​လေး​တွေက ချစ်​စရာ​လေး​တွေ​နော်​ arjeoshi´

'inn ဟုတ်​တယ်​​နော်​´

ညကတည်းက က​​လေး​လေး အတွက်​ဟုဆိုကာ က​လေး
Companyကို ဖုန်းလှမ်းဆက်​ လိုအပ်​တာ​တွေအကုန်​မှာ
ပြီး ပြင်​ဆင်​ရန်​အတွက်​ပါ တစ်​ခါတည်းမှာ​နေသူ...။

မနက်​ကို အ​စောကြီးနိုး​နေပြီး....လူကိုပါ မရမကအ​စောကြီး
ထခိုင်းတဲ့ ​က​လေး။
၆နာရီ​လောက်​ကတည်းက ​ရေချိုးခန်းဝင်​ မနက်​စာပြင်
အ၀တ်​​တွေ အ၀တ်​​လှောက်​စက်​ထဲထည့်​နဲ့ တစ်​​ယောက်​ထဲ
ကို အလုပ်​ရှုပ်​​နေခဲ့​သေးသည်​။ ​ဂေဟာအတွက်​ ပစ္စည်း​တွေ
ကို သူပဲကားထဲထည့်​ သူပဲပြင်​ဆင်​​နေတာ ကျွန်​​တော်​ပင်​သူ့
အစား​မော​နေခဲ့သည်​။

ထိုသို့မနားတန်းလုပ်​​နေရက်​နဲ့​တောင်​ မိဘမဲ့​ဂေဟာသွားရန်
ဆိုတဲ့ အသိ​လေးနဲ့တင်​ သူ​ပျော်​​နေတာတဲ့...။

အခုလည်း က​လေး​တွေကို ​ငေးကြည့်​ရင်း ပြုံး​နေပြန်​သည်​။
က​လေး​တွေကိုကြည့်​တဲ့အကြည့်​က ကြင်​နာမှု အပြည့်​...။

'လာ မာသာကြီးနဲ့ သွား​တွေ့ရ​အောင်​​လေ´

'အင်း´

လက်​​လေးကို အသာကိုင်​လိုက်​​တော့ အတန်​ငယ်​​အေးစက်
နေသည်​။ သူ့မျက်​နှာ​လေးက စိတ်​လှုပ်​ရှားသည့်​ဟန်​ လုံးဝ
မပြ...။ သူတကယ်​ပင်​ စိတ်​လှုပ်​ရှား​နေ​လောက်​သည်​။

ကျွန်​​တော်​လည်း ကျွန်​​တော်​တို့ဆီ ​ရောက်​လာ​တော့မယ့်
က​လေး​လေးအား ​အရမ်းပင်​​တွေ့ချင်​​နေပြီ...။

'မ​နေ့က ဖုန်းဆက်​ထားတဲ့ Ohsehun ဆိုတာလား?´

'ဟုတ်​ပါတယ်​ မာသာ´

Poison EGOWhere stories live. Discover now