ကျွိ...ကျွိ...!...
'အင်းမ်'
ကျွန်တော့်ဘေးကို ကြည့်လိုက်တော့ သူမရှိ...ခါးပေါ်က သူ့
ရဲ့ လက်လေးလည်းမရှိ...အော်...ညက ကျွန်တော်တို့ ရန်
ဖြစ်ခဲ့ကြတာပဲ...အမှန်တိုင်းပြောရရင် ဒီလောက်ထိ တစ်ခါမှ
အကြီးအကျယ် ရန်မဖြစ်ဘူးခဲ့...ကျွန်တော်များ လွန်သွားတာလား???
Luhan ခေါင်းကိုအတင်းခါကာ ကျောင်းသွားဖို့သာ
လုပ်နေတော့တယ်။'အ့'
ဟုတ်သား ကျွန်တော် ဆိုဖာပေါ် အိပ်နေတာပဲ...အခန်းလွတ်
ရှိရဲ့သားနဲ့ သူနဲ့နီးတဲ့ ဆိုဖာလေးပေါ်မှာသာ အိပ်ခဲ့တာကိုး...ကျွန်တော့်ကို ဘာကြောင့်ခုလောက်ထိ စိတ်ဆိုးနေတယ်ဆို
တာကို မေးရမယ်...ကျွန်တော်အခန်းထဲဝင်လာတော့ သူက ရေချိုးခန်းထဲက
ထွက်လာလို့နေပြီ...သူကျွန်တော့်မျက်နှာကို လုံးဝမကြည့်..'Babe'
'...'
'Babe ညက ဘာလို့ကို့ကို စိတ်ဆိုးရတာလဲ ကိုဘာလုပ်
မိလို့လဲ ဟမ်!''ကျွန်တော် ခင်များနဲ့ စကားမပြောချင်ဘူး ဖယ်ပါ'
ပုခုံးပေါ်တင်ထားတဲ့ ကျွန်တော့်လက်တွေကို အတင်းဖြုတ်
ချပြီး ကျွန်တော့်ရှေ့က ထွက်သွားပြန်တယ်...'အဲ့လိုအကြောင်းမရှိဘဲနဲ့ ကို့ကို စိတ်ဆိုးနေအုန်းမှာလား!!'
'ခင်များ မနေ့က ဘယ်သူနဲ့တွေ့ခဲ့လဲ!'
'ဘာလဲ Baek ပြန်ပြောလိုက်တာလား'
'ကျွန်တော် မေးတာသာဖြေပါ'
'ဟုတ်တယ် ကို SanHeeနဲ့တွေ့ခဲ့တယ်...တွေ့တယ်ဆို
တာလည်း လူုမြင်ကွင်း စားသောက်ဆိုင်မှာတွေ့တာ ဘာမှ
လုပ်နေတာလဲမဟုတ်ဘူး!'
YOU ARE READING
Poison EGO
Fanfictionတစ်ခါတစ်ရံမှာ အတ္တတွေက အဆိပ်ဖြစ်သွားတတ်ပြီး တစ်ခါတစ်ရံမှာ အတ္တတွေက ချိုမြိန်ခြင်းဖြစ်သွားတတ်တယ် ❤❤❤ #HunHan👑 #B×B👬