Story ❇02❇

6.1K 576 10
                                    

စိန်အမှုန်တို့ဖြန့်ကျဲထားသလို လင်းလက်သည့်ကောင်းကင်အပြင်ကို ငေးမောကြည့်မိသည့်အခါတိုင်း. .ကြယ်ရောင်အလင်းကို ပိုင်စိုးလေသည့် ကြယ်စင် မျက်ဝန်းများအရှင်ကို
သတိရမြင်ယောင်မိလေမြဲ. . ။

တစ်မိုးလုံးပြည့်သောကြယ်အစုအဝေးတို့၏ ကြယ်တစ်ပွင့်ချင်းစီ၌ ကိုယ်ပိုင်အမည်နှင့်ကိုယ်ပိုင်ပုံပြင်တစ်ပုဒ်စီရှိသည်ဟုဆိုကြသည် ။ တစ်ရက်လျင် ပုံပြင်တစ်ပုဒ်ကျနားဆင်သော်လည်း တစ်မိုးလုံးပြည့်ပုံပြင်တို့ကုန်နိုင်စရာမရှိဟု ကလေးတွေးဖြင့်လည်းပျော်ခဲ့ဖူးပါသေးသည် ။

ယခုအချိန်မှာတော့ ကြယ်စင်မျက်ဝန်းများသခင်၏ နှုတ်ထွက်သီကုံးလေမည့်ပုံပြင်ကိုသာ သိလိုကြားလိုနေမိပါသည် ။
ချစ်သူဖန်ဆင်းမည့် '' ကြယ်ပုံပြင်''

______________________________________

ချစ်ရသူက ပထမဦးဆုံးအကြိမ် ကျွန်တော့်ကို မျက်လုံးချင်းဆုံအောင်ကြည့်ကာပြောဖူးသည့်စကား. .

'' မင်းကဘာလဲ. . . stalker လား. . '' ဆိုသည် ။

မည့်သည့်တောင်းဆိုမှုကိုမျှမပြုရသေးပါပဲလျက် ကျွန်တော့်ကိုသူငြင်းဆန်ပြန်ပါသေး၏ ။

'' ငါ stalker တွေကိုမကြိုက်ဘူး. . ငါ့ကိုမနှောင့်ယှက်နဲ့'' ဟူ၍. . ။

ရင်ခုန်ဖွယ်အချင်းအရာတစိုးတစိမှမရှိသော ကဗျာမဆန်သည့် စကား၌ပင်သူ့နှုတ်ဖျားမှခွန်းခြွေသောစကားဟူသည့်အသိက နှလုံးသားကို ဖျတ်ဖျတ်လူး ဆတ်ဆတ်ခါအောင် ခုန်ပေါက်လှုပ်ရှားစေခဲ့သလို. . ။

မလာခင်ကပင် လမ်းခင်းနှင့်ကြသော အကြည့်တစ်ချက်မဝေ့ဝဲခင်ကပဲ ခူးဆွတ်ရန်ကိုင်းညွှတ်နှင့်ကြသောအရေးပေးမှုများနှင့်ကျင့်သားရခဲ့သည့် ရင်ခုန်သံက သူ့အငြင်းစကားတစ်ခုတွင် တစ်လက်မစာပင်နောက်ဆုတ်မပေးနိုင်ဟူသောဆုံးဖြတ်ချက်ကိုခိုင်မာစေခဲ့သည့်အကြောင်း. .။

သူသိလျင် မြွက်ဟခဲ့ဖူးသောစကားတို့ကိုနောင်တကြီးစွာနှုတ်ယူသိမ်းဆည်းလိုလေမည်လား. . ။

သူဆိုသည်က ကိုယ်တိုင်ရေးဆွဲသည့် ဘောင်ကျဉ်းကျဉ်းတစ်ခုထဲ ကိုယ်ကိုယ်တိုင်ကိုမဆံ့မပြဲသွတ်သွင်းကာ အကျဉ်းချထားချင်သူ ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now