Story ❇15❇

2.3K 348 38
                                    

'' Yuzu မှာ . . . သူ့အမေလိုပဲ . . ကျန်းမာရေးအခြေအနေမျိုးဖြစ်နေတယ် . . သား . . ''

ထိုစကားကိုဆိုစဉ်က ဖေဖေ့မျက်နှာထက်တွင်မြင်ရသည့်စိတ်ပင်ပန်းဆင်းရဲခြင်း ။ ပထမဆုံးအကြိမ် ကြားဖူးသည့်အကြောင်းအရာမဟုတ်သည့်တိုင် ။ မေမေနှင့်ကျွန်တော်သည်ကတော့ဘာစကားမှပြန်မတုံ့ပြန်နိုင်လောက်အောင်သာဆွံ့အတုန်လှုပ်နေခဲ့ရသည် ။

'' ဒါဖြင့် . . . Hara . . လို . . . ဆေး . . ဆေးတွေဘာတွေကော . . ''

ဖေဖေနှင့်ကျွန်တော်ကသွေးစပ်သည်မို့ ။ Yuzu နှင့်ဘာမှမသက်ဆိုင်ဟုပြော၍ရသော မေမေကစိတ်မကောင်းခြင်းကြီးစွာမျက်ရည်တွေပါလည်နေခဲ့ပါသည် ။

'' ဒါတော့မသုံးဘူးလို့ပြောတယ် . . ကိုယ်ချော့မေးလို့ရသလောက်တော့ . . အဲ့ဒါမျိုးတွေသူမလုပ်ဘူးတဲ့ . . အခုဖြစ်နေတာက . . စိတ်အစွဲကြီးနေတာ ထင်မိထင်ရာကိုဟုတ်လားမဟုတ်လားမစဉ်းစားနိုင်ပဲ သူဖြစ်ချင်တာအမှန်ပဲထင်နေတာ . . တကယ့်ကို . . Gu Hara အငယ်စားလေးကိုမြင်နေရသလိုပဲ ''

'' ဘာတွေဖြစ်နေလို့လဲ . . ဖေဖေ . . ဆေးရုံမှာတစ်ခုခုဖြစ်လို့လား . . ''

.
.

ဖေဖေ့နဖူးမှ ချွေးစေးစို့စို့ကိုမြင်ရသည် ။ သေကောင်ပေါင်းလဲ အခြေအနေမှမနည်းကြီးအသက်လုကာကယ်ထားရသော သမီးအတွက် စိတ်အေးရမည်မျှမကြံရသေး ရုတ်တရက်သိမြင်လာရသည့် Yuzu ၏မူမမှန်ခြင်းများသည်ဖေဖေ့ကိုများစွာထိခိုက်စေခဲ့လိမ့်မည်ထင်၏ ။

'' ဖေဖေတို့အပြစ်တွေပါပဲ ဟိုးတုန်းက Yuzu ကိုရအောင်ခေါ်ခဲ့ရမှာ ဘာပဲဖြစ်ဖြစ် သူ့အမေဘာပဲပြောပြော မဖြစ်ဖြစ်တဲ့နည်းနဲ့အပါခေါ်ခဲ့ရမှာ . . အဲ့ဒါဆို . . ဒီလိုမျိုးအဖြစ်တွေ . . ''

ဖေဖေနှင့်Yuzu မေမေတို့တွေ့ဆုံခြင်းက ထိုတစ်ကြိမ်ကနောက်ဆုံးဖြစ်ခဲ့သည် ။ ဘယ်လိုစကားတွေဆွေးနွေးဖြစ်ခဲ့သည်ဟုမသိသော်လည်း ဖေဖေကထိုအိမ်ကိုပြန်မသွားတော့ Yuzu ကိုခေါ်ဖို့လည်းလက်လျော့ခဲ့သည် ။

ထုတ်မပြောသော်ငြား ကျွန်တော်တိတ်တခိုးရဖူးသည့်နောင်တမျိုးဖေဖေ့မှာလည်းရှိနေခဲ့ပါလိမ့်မည် ။ မဟုတ် ။ ဖေဖေ့အပြစ်မကင်းခြင်းခံစားချက်ကပို၍ကြီးမားပါလိမ့်မည် ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now