Story ❇08❇

2.9K 408 39
                                    

်'' ဧည့်သည်လာတယ် သား . . ''

Head phone ကိုဖြုတ်ကာစ မသဲကွဲသေးသော အကြားအာရုံဖြင့်မဟုတ်ပဲ နှုတ်ခမ်းအလှုပ်ကိုကြည့်၍ ခန့်မှန်းမိသောစကား ။

ဧည့်သည်တဲ့ . . ကျွန်တော်နှင့်မသက်ဆိုင်ခဲ့တာ ကြာပြီဖြစ်သော အသုံးအနှုန်းတစ်ခု ။

အံ့အားသင့်ခြင်းကြီးစွာ ကျွန်တော်အိမ်ပေါ်မှခပ်လေးလေးဆင်းလာခဲ့သည် ။ လှေကားအကွေ့မှ ပျောက်ကွယ်မသွားခင် လည်ပြန်လှည့်ကြည့်သွားခဲ့သော မိခင်၏ မျက်ဝန်းများထဲကအရိပ်အယောင်တချို့ကို ။ ဧည့်ခန်းထဲမှ ကျောက်စီပန်းချီကားအား အနုလုံပဋိလုံ စေ့စူးနေသော လူတစ်ယောက်ကိုမြင်မှ ကျွန်တော်သဘောပေါက်သည် ။

'' Jungjin . . ''

ခပ်တိုးတိုးခေါ်သံကိုတုံ့ပြန်လှည့်ကြည့်လာသည့် Jungjin မျက်နှာမှာ ရွှင်လန်းသောအပြုံးတစ်ခုက အသင့်ခိုတွဲနေလျက်သား ။

'' luhan . . အဟင်း . . မင်းရှိပါ့မလားလို့ . . ''

'' အင်း . . ဖုန်းဆက်လိုက်တာမဟုတ်ဘူး . . ဘယ်ကရောက်လာတာလဲ . . ''

'' ဒီလမ်းထဲမှာ အလုပ်ကိစ္စတစ်ခု ရှိလို့လာရင်း မင်းအိမ်ကဒီဘက်မှာဆိုတာသတိရလို့ . . ရုတ်တရက်ကြီး ဝင်လာသလိုဖြစ်သွားတာ . . အဆင်မပြေဘူးလား ''

'' မဟုတ်တာ . . အဆင်မပြေစရာမရှိပါဘူး . . လာလေ ငါ့အခန်းထဲသွားမလား . . ဒါမှမဟုတ်ခြံထဲဆင်းမလား . . ''

'' ခြံထဲသွားမယ်လေ . . အေးအေးဆေးဆေးစကားပြောရတာပေါ့ . . မင်းအလုပ်ရှိလား . .''

ကျွန်တော်ခေါင်းခါယမ်းရင်း ခြံထဲဆင်းသည့်လမ်းကိုဦးတည်လိုက်သည် ။

နက်ရင့်သောကောင်းကင်ထက် ခပ်ကွေးကွေး လဲလျောင်းနေသည့် လရောင်အင်အားကနည်းပါးနေသော်လည်း မလှမ်းမကမ်းခြံဝအုတ်တိုင်များမှ ညဖန်စောင့်မီးလုံးဖြူ များဖြင့် ဝန်းကျင်က ထိုက်သင့်သ၍လင်းနေပါ၏ ။

ရိုးတံရှည်ပန်းပွင့်ဖြူ ကလေးများငုံခဲနေသော ပန်းစိုက်အုတ်ဘောင်လေးတွင်ကျွန်တော်အသာအယာထိုင်ချလိုက်သည် ။

'' မင်းအမေကတော့ အရင်လိုပဲနော် . . ''

အစပ်အဆက်မရှိသော စကားသည် အရင်လိုနုပျိုမြဲဟု ချီးမွမ်းသည်လား ။ အရင်လိုပဲ ခက်မာမြဲ တင်းထန်မြဲ ဟုဆိုလိုချင်သည်လား ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now