Story ❇14❇

2.3K 366 22
                                    

'' Yuzu အတွက်စဉ်းစားတယ် ဆိုရင် . . သူ့ကိုငါတို့နဲ့ထည့်လိုက်သင့်တယ် Hara . .  . Seyoung . .  . . . Sehun အမေက သဘောထားသေးသိမ်တဲ့မိန်းမမျိုးမဟုတ်ဘူး . . Yuzu ကိုကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင်မွေးမြူ ပေးဖို့လည်း အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ ''

'' ဟက် . . . သူက Yuzu ကိုမွေးဖို့အရည်အချင်းနဲ့ပြည့်ဝတယ်ဆိုတော့ . . ကျွန်မကတော့ မပြည့်ဝဘူးဆိုတဲ့သဘောလား . . အစ်ကိုကြီးပြောချင်တာက . . ''

'' စကားလမ်းကြောင်းမပြောင်းနဲ့ Hara . . ငါအခုပြောနေတာက Yuzu အတွက် . . သူ့ဘဝအတွက် ဘယ်နေရာမှာနေပြီး ဘယ်သူနဲ့ကြီးပြင်းတာကကောင်းတယ်ဆိုတာ မင်းတွေးတတ်တယ်မဟုတ်လား Hara . . အဲ့လောက်တွေးတတ်တဲ့ အသိတော့မင်းမှာရှိသေးတယ်မဟုတ်လား ''

'' ကျွန်မမွေးထားတဲ့သမီးက ကျွန်မနဲ့အတူနေတာအကောင်းဆုံးပေါ့အစ်ကိုကြီး တခြားဘာရှိရဦးမလဲ . . မိထွေးနဲ့နေတာကပိုကောင်းစရာရှိလို့လား ''

'' ကျွတ် . . ''

အံကြိတ်လိုက်သည့် ဖေဖေ့မျက်နှာကနီရဲကာအသက်ရှုမြန်စပြုသည် ။ အမြဲတမ်းနူးညံ့အေးဆေး၍ မေမေ့ကိုပဲဖြစ်ဖြစ် ကျွန်တော့်ကိုပဲဖြစ်ဖြစ် ယုတ်စွအဆုံးလူနာတွေကိုပဲဖြစ်ဖြစ်
လေသံမာမာနှင့်ပင်စကားမပြောဖူးသော ဖေဖေ့ရဲ့စိတ်ရှုပ်ဒေါသထွက်ဟန်ကိုမြင်ရသည်က ကျွန်တော့်အတွက်အထူးအဆန်း ။

'' မင်းရဲ့နေပုံထိုင်ပုံကိုမင်းအသိဆုံးပဲ Gu hara . . မင်းမွေးထားတာကသမီးမိန်းကလေးနော် . . ညနက်သန်းခေါင်ထိအိမ်မကပ်တဲ့မင်းအကျင့်နဲ့ အိမ်မှာအိမ်အကူနဲ့တစ်ယောက်ထဲ Yuzu ကျန်ခဲ့ရတဲ့ရက်တွေဘယ်လောက်များနေပြီလဲ . . ကလေကချေကောဆေးသမားကောမင်းအပေါင်းအသင်းတွေ တရုံးရုံးဝင်ထွက်နေတဲ့အိမ်မှာ Yuzu အတွက်ဘယ်လောက်လုံခြုံနိုင်မလဲ . . တစ်ဦးတည်းသောအားကိုးရာဖြစ်တဲ့အမေဆီက Yuzu ဘာတွေကိုကြည့်ပြီးသင်ယူမလဲ . . ဒါတွေအကုန်တွေး Hara မင်းကလေးမဟုတ်တော့ဘူး မင်းမှာ Yuzu ရှိနေပြီ . . အရွဲ့တိုက်ချင်တာတစ်ခုထဲနဲ့ မင်းမွေးထားတဲ့သမီးရဲ့ဘဝကိုမင်းမနှစ်မိစေနဲ့ ''

ရေခဲလိုစိမ့်ရှသောအပြုံးကဘာမှသိပ်နားမလည်သေးသော ကျွန်တော့်ကိုပင်ကျောစိမ့်စေခဲ့သည်ကိုအခုထိမှတ်မိနေဆဲ ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now