Ep~1

9.9K 342 2
                                    

Zawgyi+Unicodd

👉ချိုမြိန်သောချစ်ခြင်း👈
💜hunhan yaoi💜

💜💜💜

"ကျလိ....ကျလိ....🐦"

ဆောင်းဦးရာသီအစငှက်ကလေးများ၏ တေးသံသာသာလေးကြောင့် ကြည်လင်စွာနိုးထလာသောကောင်လေးတယောက် အိပ်ယာမှနိုးသည်နှင့်
ပြတင်းပေါက်ဘောင်ပေါ်လက်တင်ပီး ဟိုပျံသည်ပျံလုပ်ကာ တေးဆိုနေသောငှက်လေးများအား ပြုံး၍ကြည့်နေသည်။
ထိုကောင်းလေးမှာxiao luhan ဖြစ်သည်။ စားပွဲပေါ်တွင်ထောင်ထားသော ဓာတ်ပုံကိုအကြည့်ရောက်သွားချိန်မှာတော့ luhanချက်ချင်းကိုငိုင်သွားပြန်သည်။ ထိုဓာတ်ပုံလေးမှာထူးထူးခြားခြားတော့မဟုတ် ကောင်လေးနှစ်ယောက်
တယောက်ပုခုံးတယောက်ဖက်ကာ ပြုံးရယ်သောပုံလေးဖြစ်သည်။ တယောက်ကတော့သူ သူ့ဘေးကတယောက်သောသူကတော့ သူထက်သိသိသာသာအရပ်ရှည်ပီး ကြည့်ကောင်းသောသူ့ရဲ့ သူငယ်ချင်း.... အင်း....သူငယ်ချင်းပေါ့လေ Oh sehunပေါ့
သူချစ်နေမိသောသူတယောက်ဆိုလဲမမှားပေ

သူမှာတော့ခုချိန်ထိရင်ထဲအသည်းထဲကအထိ sehunကိုချစ်နေရတာ ဟိုကတော့မိန်းမရသွားလို့ မနေ့ကပဲကလေးမွေးပီးသတဲ့ သားလေးဆိုလားပဲ အိမ်း....😩ကိုယ့်မှာတော့ မိန်းမလဲမယူနိုင်ယောက်ျားလဲမယူနိုင်ဘဲ သူ့ကိုပဲချစ်နေမိတာ နေတာကရက်ကွက်တခုထဲမှာ
သူ့ရဲ့မိန်းမxiumin noonaကိုယ်ဝန်ရတော့ နေ့တိုင်းလမ်းလျှောက်ထွက်တယ်လေ အဲ့လိုအချိန်မျိုးဆို ကိုယ်တေရင်ထဲမနာလိုစိတ်ကတဖွားဖွား ပြောတော့မိဘပေးစားလို့ယူရတာပါကွာငါကချစ်တာမှုတ်ဘူး မိဘတွေရဲ့နောက်ဆုံးဆန္ဒမို့ လိုက်လျောပေးရတာပာတဲ့ ကလေးတယောက်ထွက်လာပါရောလား😪 တွေးမိတိုင်းရင်နာတယ် သူ့ကိုချစ်တယ်လို့မပြောရဲခဲ့တာကိုလဲ တွေးမိတိုင်းနောင်တရတယ် သူမသိလဲသေသည့်တိုင် သူ့တယောက်ထဲကိုပဲသစ္စာရှိရှိ ချစ်သွားမှာပါ😌
ခုတော့သူ့ကလေးဖြူသလားမဲသလား အဖေနဲ့တူလားအမေနဲ့တူလားဆိုတာ သွားကြည့်ဦးမှပါ😪

💜💜💜

ဆေးရုံရောက်လို့အခန်းနံပါတ်မေးတော့ အခန်းနံပါတ်အစား ကလေးအမေကလေးမွေးပြီးပြီးချင်းဆုံးသွားလို့ ဆိုတဲ့စကားပြန်ရတော့ သူလန့်သွားကာsehunတို့အိမ်အမြန်ပြေးရသည်။ ပြေးနေရင်းမယုံနိုင်မှုကြောင့် မျက်ရည်ကကျလာသည်။ xiumin noonaက
တကယ်မိန်းမကောင်းတယောက်ဖြစ်သလို သူ့အပေါ်လဲမောင်လေးတယောက်လိုကောင်းသည်။ ဘာဟင်းဟင်းချက်ချက် မိဘနဲ့ခွဲကာတယောက်ထဲနေသော luhanစားဖို့ဆိုပြီးအမြဲလာပို့တက်သည်။ အမြဲလဲပုံးနေတက်သည်။ ခုလိုရုတ်တရက်ကြီးဆုံးပီဆိုတော့😢..... သူငိုနေမှာသူဝမ်းနည်းနေမှာ ကိုယ်တောင်ဝမ်းနည်းနေတာ သူဆိုပိုဆိုးမှာ မိဘမရှိဆွေမျိုးအသိုင်းအဝိုင်းမရှိ သူတယောက်ထဲဝမ်းနည်းနေရှာမှာ

ချိုမြိန်သောချစ်ခြင်း Hikayelerin yaşadığı yer. Şimdi keşfedin