Ep~9

3.5K 233 4
                                    

👉ချိုမြိန်သောချစ်ခြင်း👈
💜hunhan yaoi💜

💜💜💜

မိုးဦးရာသီရဲ့ မိုးပေါက်လေးအနည်းငယ် စတင်ကျဆင်းတဲ့ဒီနေ့ဟာဆိုရင်
kyungsooပေါက်စလေး မူကြိုစတက်မဲ့နေ့ဖြစ်သည်။ ဒါ့ကြောင့်လဲluhanရောsehunပါ မိုးလင်းကတည်းက ပျာယာခတ်နေကြသည်။ သားသားကျောပိုးအိတ်ပိစိလေးထဲ သားသားဆော့နေကြ
ပုံဆွဲစာအုပ်နှင့်ရောင်စုံခဲတံအစုံ ထည့်လိုက်သည်။ ပြီးနောက်ဘာထည့်ပေးရဦးမလဲဆိုတာကို sehunတယောက်အသည်းအသန်စဉ်းစားနေသည်။ နောက်မှသတ်ရကာ လေးကြောင်းမျဉ်းစာအုပ်တစ်အုပ် ခဲတံခဲဖျက်ထည့်သည်။ မီးဖိုခန်းထဲမှာ တလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတဲ့luhan သားသားကလဲစားပွဲပေါ်တွင်
ကျကျနနထိုင်ကာ luhanချကျွေးထားပုံရတဲ့ ဇလုံထဲမှထမင်းအား ပလုတ်ပလောင်းစားနေသည်။ ချစ်ဖို့ကောင်းတယ်။

"omma!!!.."

သားသားအတွက်ထမင်းဘူးထည့်နေရာမှ ရုတ်တရက်နောက်ကနေ sehunရဲ့ပွေ့ဖက်ခြင်းခံလိုက်ရတာမို့ လန့်သွားရသည်။

"haha...."

luhanရဲ့လန့်ပုံလေးက ချစ်ဖို့ကောင်းနေတာမို့ အသည်းယားစွာရယ်မိသည်။
sehunရဲ့ရယ်သံကြောင့် luhanနှစ်ခမ်းစူကာ ရန်တွေ့ရန်နောက်လှည့်လိုက်နှင့် အချိန်ကောင်းကို
အသုံးချတက်တဲ့sehunပီသစွာ ဖျက်ကနဲ့luhanနှုတ်ခမ်းကို စုတ်ယူနမ်းရှိုက်လိုက်သည်။ နမ်းရင်းsehunရင်ထဲကလိကလိ ဖြစ်လာတာမို့အနမ်းကို
အမြန်ရပ်တန့်ရသည်။

"appa...😗"

နှစ်ယောက်သား အကြည်စိုက်ကာ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေစဉ် kyungsooလေးရဲ့ခေါ်သံကြောင့် နှစ်ယောက်သားသတိကပ်တော့သည်။
သားသားကိုလှမ်းကြည့်တော့ ထမင်းစိလေးတွေကပ်ကာ ပေကျံနေတဲ့နှုတ်ခမ်းဖူးဖူးကို စူပြနေသည်။

"appa...papaဂိုကျအာဘွားပေးပီး....တားတားဂိုကျအာဘွားပေးဘူးရား...."

sehunတယောက်အသည်းယားကာ သားသားရဲ့ပေပွစူထော်နေတဲ့ နှုတ်ခမ်းကိုနမ်းလိုက်သည်။ အဲ့တော့မှသူရဲ့အသည်းတုံး သားတော်မောင်က
ကျေနပ်နေတဲ့ပုံဖြင့်တခစ်ခစ်ရယ်ကာ sehunပါးနှစ်ဖက်ကိုလာနမ်းသည်။ sehunတယောက်မျက်နှာပြန်သစ်ရတော့မည်။ သားသားပါးစပ်မှထမင်းစိနှင့် ဟင်ဖက်ဟင်းနှစ်များက သူ့ပါးပေါ်ကူးပြောင်းသွားကြလို့လေ။ luhanလဲပေပွနေတဲ့
သားအဖနှစ်ယောက်ကိုကြည့်ကာ အားရပါးရအော်ရီတော့သည်။

ချိုမြိန်သောချစ်ခြင်း Where stories live. Discover now