Ep~10

3.5K 240 0
                                    

👉ချိုမြိန်သောချစ်ခြင်း👈
💜hunhan yaoi💜
Ep~10

💜💜💜

luhanအားလျော့နေတဲ့ပုံစံကိုကြည့်ပီး sehunစိတ်ပူတာမို့ ဆေးခန်းသွားပြရန်ပြောသော်လည်း မသွားချင်ဘူးလို့အတင်းငြင်းနေပြန်တော့ မနက်ဖြန်ကျတော့မှပဲ ဆရာဝန်ကိုအိမ်အထိပင့်ရမယ်လို့ sehunတွေးထားကာသည်။ ဒါမဲ့ဒီနေ့မနက်မှာတော့ ထူးဆန်းစွာluhanတယောက် ပေါ့ပါးလန်းဆန်းနေတာကိုsehunတွေ့ရသဖြင့် ဆရာဝန်မခေါ်တော့ဖို့ဆုံးဖြတ်လိုက်သည်။

အရင်နေ့တွေလိုပင် luhanချက်ပေးထားသောထမင်းကို မိသားစုအတူစားသောက်ပီးသည်နှင့် luhanတယောက် သားသားကိုလွယ်အိတ်လွယ်ပေးရင်း ပါးဖောင်းဖောင်းလေးအားနမ်းလိုက်သည်။ sehunလဲသားသားကိုကားပေါ်တွင် ထိုင်စောင့်နေစေသည်။  ပြီးမှအိမ်ထဲပြန်ဝင်လာကာ luhanရှေ့ခါးကိုင်းကာနှုတ်ခမ်းစူပြသည်။ ပြုံးတုံးတုံးမျက်နှာဘေးနှင့် စူထောင်နေသောsehunနှုတ်ခမ်းကို ဖျက်ကနဲ့ပိတ်ရိုက်လိုက်သည်။

"မနက်စောစောစီးစီး....အသက်ရှုရပ်မတက်နမ်းထားပြီးတာတောင်မှ...ထပ်နမ်းချင်သေးသလား..."

နာသွားတဲ့သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပီး

"မတူဘူးလေ...မနက်ကနမ်းတာက...ညကအရှိန်ကိုအတောသက်တာ....အခုနမ်းခိုင်းတာက...အားဆေးသဘောပေါ့😁....သိရဲ့သားနဲ့..."

စပ်ဖြီးဖြီးရုပ်နဲ့ပြောနေသည်မှာ တကယ်ကိုချောနေပါလာ😋
sehunကျေနပ်အောင် နမ်းပီးသည်နှင့် sehunရင်ဘက်အားလက်ဖြင့်တွန်းကာ

"သွားတော့....နောက်ကျနေတော့မယ်....အပြန်သားသားကိုဝင်ကြိုဖို့လဲမမေ့နဲ့ဦး..."

sehunတို့သွားတော့ လုပ်စရာရှိနေသည့်အိမ်အလုပ်များကို လုပ်နေသည်။ အဝတ်လှမ်းနေရင်းမှ ဗိုက်ကဆာလာသည်။ ထမင်းစားချင်တာလဲမဟုတ် ဘာစားချင်လို့စားချင်းမှန်းလဲမသိဖြစ်နေတာ အသွေးအသားတွေထဲအထိပါ တောင်းတနေတာမို့ luhanမနေနိုင်တော့ဘဲ ပိုက်ဆံအိတ်ကိုင်ကာ ဈေးဘက်ထွက်လာခဲ့သည်။ ဈေးကိုသွားမှ သူစားချင်တာတွေ့ရင်ဝယ်စာနိုင်မှာလေ။ ဈေးရောက်တော့ဟိုကြည့်သည်ကြည့်နဲ့ ထမင်းသုတ်ဆိုင်တွေ့တော့ဝင်စားလိုက်တာ တဇလုံကုန်တယ်။ နောက်အကြော်စုံဆိုင်တွေ့တော့လဲ ဝင်စား နှမ်းကပ်ထမင်းလိပ်ဆိုင်တွေ့တော့လဲဝင်စား ကြက်သားအစပ်ချက်လဲစား မြင်မြင်သမျှluhanအတွက် စားချင်စရာတွေကြည့်ပဲဆိုတော့ အစုံကိုစားတာ။
စားလိုက်သောက်လိုက်နဲ့ ထိုဈေးထဲတနေကုန်လည်နေတော့ ဆိုင်ပိုင်ရှင်အဒေါ်ကြီးတွေတောင် သူ့ကိုမှတ်မိနေသည်။ နောက်ဆုံးအနေဖြင့် သူကြက်ပေါင်းဆိုင်တွင် ကြက်ပေါင်းကိုထိုင်စောင့်နေတုန်း ဖုန်းဝင်လာတာမို့ကိုင်လိုက်သည်။

ချိုမြိန်သောချစ်ခြင်း Where stories live. Discover now