Part-20

22K 1.1K 77
                                    

Luhan ​နေရမည့်​ ဘန်​ဂလိုသည်​ Chanyeol နဲ့ Baekhyun နှစ်​​ယောက်​တည်းမည့်​ ဘန်​ဂလိုနဲ့ အ​တော်​​ဝေးသည်​။ဘန်​ဂလိုတစ်​ခုနဲ့တစ်​ခုစီသွားရာလမ်းများတွင်​ တံတားငယ်​​လေးများဖြင့်​ဆက်​ထား​တာ​ကြောင့်​အမြင်​လှ​နေသည်​။ လူတစ်​​ယောက်​​လျှောက်​စာသာ ရှိတဲ့ တံတားငယ်​​လေးရဲ့ ​အောက်​ဖက်​မှာ​တော့ စိမ်းပြာ​ရောင်​ ပင်​လယ်​​ရေများက ကြည်​လင်​စွာရှိ​နေသည်။

အခန်းထဲတွင်​ ယူလာ​သော luggage များနဲ့
ပစ္စည်းတချို့ကို ထားကာ luhan ခဏ အနားယူလိုက်​သည်​။သိပ်​မကြာခင်​မှာဘဲ ည​နေက​စောင်းလာပြီမို့အဝတ်​တစ်​စုံလဲကာ ညစာစားရန်​ ထွက်​လာခဲ့သည်​။

ဟိုတယ်​ထဲသို့ဝင်​လိုက်​သည်​နဲ့
စားပွဲဝိုင်းတစ်​ခုတွင်​ အတူထိုင်​​နေ​သော Baekhyunနဲ့ Chanyeolကိုလှမ်းမြင်​လိုက်​သည်။သို့​သော်​ ကြင်​စဦး​မောင်​နှံဖြစ်​တဲ့ သူတို့ကို အ​နှောင့်​အယှက်​မ​ပေးချင်​တာ​ကြောင့်​ အထီးကျန်​စွာနဲ့ဘဲ ခပ်​လှမ်းလှမ်းက စားပွဲဝိုင်းမှာ ​နေရာယူလိုက်​​တော့သည်​။

ပင်​လယ်​စာ စားမရတဲ့ သူ့အတွက်​ တခြားအဆင်​​ပြေ​စေမည့်​ အဆာ​ပြေတခုခုကိုမှာယူကာ ညစာစားပြ်ီးတဲ့ နောက်​မှာ​တော့ တည်းမည့်​ ဘန်​ဂလိုရှိရာကို ပြန်​လာခဲ့သည်​။ ကမ်းစပ်​တွင်​ ​ဆောက်​ထား​သော ဘန်​ဂလိုငယ်​​လေးများနဲ့ ကမ်း​ခြေကဟိုတယ်​သည်​ အရမ်းကြီးမ​ဝေး။

Luhan ​ဘောင်းဘီအိတ်​ကပ်​ထဲလက်​ထည့်​ရင်း
တအိအိဝင်​သွားတဲ့ ​ပုဇွန်​ဆီ​ရောင်​​နေလုံးကြီးကို ​ငေးကာ ပင်​လယ်​​လေကို ရှူရှိုက်​မိသည်​။အခန်းသို့ပြန်​လျှင်​လည်း သူတစ်​​ယောက်​တည်းရှိမည်​မို့ ပျင်းတာ​ကြောင့်​ ကမ်း​ခြေတွင်​ ​ဖြေး​ဖြေးချင်း​လမ်း​လျှောက်​​နေမိသည်။

အလင်း​ရောင်​က မရှိ​တော့​လောက်​​အောင်​ ပတ်​ဝန်းကျင်​က​မှောင်​စပြုလာ​တော့ luhan အခန်းဆီကိုပြန်​လာခဲ့သည်။အခန်းဆီသွားရာ တံတား​လေး​ပေါ်တွင်​ လမ်း​လျှောက်​​နေရင်းနဲ့မှ တစ်​ဖက်​အစွန်​မှ chanyeolတို့ အခန်းရှိရာကို သွား​နေကြ​သော baekနဲ့Yeolကို​တွေ့လိုက်​ရသည်​။သူတို့လည်း ညစာစားပြီးပြန်​လာကြပြီထင်​သည်​။

LollipopWhere stories live. Discover now