Extra-5

14.3K 1.1K 212
                                    

Xiao Lu တို့ ကားအဖြူ​လေးသည်
သူတို့်၏ ချစ်​စံအိမ်​​လေးသို့ ပြန်​ရာလမ်း​ပေါ်တွင်​ ​ရွေ့လျား​နေသည်​...

ကား​ရှေ့ခန်း lover seat ​ပေါ်တွင်
ထိုင်​​နေ​သော Xiao lu၏ ရင်​ခွင်​ထဲတွင်
ChanHyun​လေး ပါလာသည်​...
Omma Tao တို့အိ​မ်​မှအပြန်​တွင်
က​လေး​လေးအား တစ်​ခါတည်း ထည့်​​ပေးလိုက်​ကြသည်​...​နောက်​ရက်​မှဆိုလျှင်​ လာမ​ခေါ်နိုင်​မှာ လာမပို့နိုင်​မှာစိုး၍ အပြန်​ခါ တစ်​ခါတည်း အိမ်​​ခေါ်လာရ​တော့သည်​...

ကား​ပေါ်မှ အလှတင်​အရုပ်​က​လေး​တွေ
တို့လို့တန်းလန်း​လေး​တွေကို လှမ်းဆွဲကာ
အငြိမ်​​မ​နေဘဲ လှုပ်​စိလှုပ်​စိလုပ်​​နေ​သော
ChanHyun​လေးကို Xiao lu စိတ်​သိပ်​မရှည်​​တော့...

"ငြိမ်​ငြိမ်​​နေ!! "

တချက်​ပိတ်​​ဟောက်​လိုက်​ပြီး
လက်​တစ်​တစ်​က​လေး​တွေကို ကြက်​​ခြေခတ်​ ဆွဲချုပ်​ထားလိုက်​သည်​...
ChanHyun ​လေးက ချုပ်​ထားတာမကြိုက်​​တော့
ရုန်းပြန်​သည်​...
Xiao lu ကလွှတ်​မ​ပေးဘဲ ပိုပြီးတင်းတင်းကျပ်​ကျပ်​ချုပ်​ထား​လေသည်​...

ထိုအခါ ChanHyun​လေးဆီမှ တအိအိတအုအု
အသံ​လေးနဲ့ Xiao lu၏ ဟင်းခနဲဟင်းခနဲ
နှာမှုတ်​သံကြီးက ကား​ခေါင်းထဲ လွင့်​ပျံ့လာ​တော့သည်​...

Sehun ကား​မောင်း​နေရင်းမှ
ဘေးက နှစ်​​ယောက်​အ​ခြေအ​နေကိုလည်း
လှည့်​ကြည့်​လှည့်​ကြည့်​လုပ်​ရသည်​...
ရွှေ​ရောင်​ဆံပင်​အုပ်​အုပ်​က​လေးနဲ့
သူ့အသဲနှလုံး​ပိစိ​လေးက အခု​တော့ က​လေးတစ်​​ယောက်​ကိုပိုက်​ထားလျက်​ နှုတ်​ဆိတ်​ကာထိုင်​​နေသည်​...က​လေးထိန်းဖို့​ခေါ်လာရလို့ စိတ်​ထဲကအခုထိ​ကျေနပ်​​သေးပုံမ​ပေါ်...ဆူပုတ်​​နေသည်​...

ChanHyun လေး နှင့် ​Xiao lu တို့
အသံတိတ်​တိုက်​ပွဲဆင်​​နေတာကိုsehunရိပ်​မိ​တော့
မီးပွင့်​ကမီးနီပြတာနဲ့ Xiao lu ကို​ပြောလိုက်​သည်​...

"Hyun​လေးကို အရမ်းချုပ်​မထားနဲ့​လေ Xiao lu "

ChanHyun​လေးက​တော့ သူ့ကိုကယ်​ပါဦး ဆိုတယ့်​ မျက်​နှာငယ်​​လေးနဲ့ sehun ကို အားကိုးတကြီးလှမ်းကြည့်​ရှာ​လေသည်​...
အ​ပေါ်နှုတ်​ခမ်းပါးပါး​လေးက အ​ပေါ်ကိုချွန်​တက်​လာပြီး ​နှာ​ခေါင်း​လေးရှုံ့ကာ ​မေးစိ​လေးမှာလည်း အတွန့်​​လေး​တွေ​ပေါ်လာသည်​ထိ မဲ့လျက်​ သနားစဖွယ်​လှမ်းကြည့်​​လေသည်​...

LollipopWhere stories live. Discover now