Xiao lu ၏ နားထဲတွင် ပကျိပကျိနဲ့
စကားသံတိုးတိုးတွေရယ် ချိုးချိုးချွတ်ချွတ်နဲ့
အသံတွေရယ်ကြောင့် မျက်ခုံးတွေကိုထိစပ်လုနီးပါးကျုံ့ကာ ရှုံ့ မဲ့ပြီး နိုးလာတော့သည်...ဘေးကိုကြည့်လိုက်တော့ Oh Sehun လည်းမရှိ..
အလည်မှာအိပ်တဲ့ ChanHyunလေးလည်းမရှိ...
ခြေရင်းထောင့်က အခန်းတံခါးကပွင့်နေသည်...
ဖြတ်ခနဲ အရိပ်သေးသေးတစ်ခုကိုတွေ့လိုက်ရပြီး
ChanHyunလေးရဲ့ အသံနိမ့်ပြောသော စကားသံလေးကိုကြားလိုက်ရသည်...နောက်တော့ ခပ်ရှည်ရှည်အရိပ်တစ်ခု နဲ့ အတူ ရှူးတိုးတိုး ဆိုသော အသံသြသြတစ်ခု...
"ဦးဦးတို့အောက်ဆင်းကြမယ်နော် "Xiao lu အာရုံစိုက်နားထောင်လိုက်တာကြောင့်
Oh Sehunရဲ့စကားတိုးတိုးကို ထပ်ကြားလိုက်ရသည်။***ဒီကလေးနဲ့ သူ အစောကြီး ဘာထလုပ်ပြန်တာတုန်း!***
Xiao lu ဤမနက်စိတ်မကြည်ပါ...။
မျက်လုံးနှစ်လုံးဖွင့်တာနဲ့ တွေ့ရမဲ့ သူ့ကိုရော...
ခဏလောက်ပြန်မှေးခွင့်ရမဲ့ သူ့ရင်ခွင်နွေးနွေးကိုရော မရတဲ့အတွက် စိတ်ထဲအလိုမကျဖြစ်နေသည်မှာ အတိအကျဖြစ်သည်...။"သူ့သားမဟုတ်တာတောင် အဲ့လောက်ချစ်နေတယ်...ငါ့ကိုကွာပြီး ကလေးတွေဘဲ မွေးစားပြီးနေပါလား! ဟွန့်!"
အိပ်ယာသိမ်းရင်း ပွစိပွစိရေရွတ်နေသော
Xiao luသည် ကြေမွနေသော ညဝတ်အင်္ကျီပွပွနှင့်ဖြစ်သည်...မှန်ပြတင်းကဖြာကျနေသော နေရောင်ခြည်သည် ထိုးထိုးထောင်ထောင်ဖြစ်နေသော သူ့ဆံပင်ရွှေရောင်များကို ပိုပြီးတောက်ပနေစေသည်...မျက်နှာသစ်သွားတိုက်ပြီးနောက်
အောက်ထပ်ကိုဆင်းလာလိုက်တော့
တွေ့ပါပြီ သူ့ယောက်ျားနဲ့သူ့တူ ငလက်မ...Apron ကြီးဝတ်ကာ တစ်ခုခုပြင်ဆင်နေပုံရသော Oh Sehun သည် Xiao luရှိနေရာကိုကျောပေးထား၍မတွေ့သေး...
စားပွဲမှာထိုင်ကာ စောင့်နေသော ChanHyunကတော့ Xiao lu ကိုမြင်သွားကာ မျက်လုံးလေးပြူးသွားပြီး ပါးစပ်လေးပါအနည်းငယ်ဟသွားသည်...
YOU ARE READING
Lollipop
FanfictionOH SEHUN ♡ LUHAN "" မရဘူး မရဘူး! Oh Sehun တို့က Xiao lu ဆို လေနဲ့လည်းသဝန်ကတိုတယ်! အဲ့ဒီ လေဆိုတဲ့ Oxygen ကို အသက်ရှူနေရလို့သာကြည်ဖြူတာ.... သူကတစ်ချိန်လုံးXiao lu ကို ဟိုထိဒီထိနဲ့!? "" Covered by Akarixing