A Birthday Gift Special

11.7K 793 160
                                    

Phone Vibration!!!

Sehun companyသွားဖို့ အဝတ်​အစား​ရွေး​နေစဉ်​ ဖုန်းသံ​ကြောင့်​ ​နောက်​လှည့်​ကြည့်​မိ​တော့
သူ့ဖုန်းမှမဟုတ်​ဘဲ Xiao lu ၏ဖုန်းမှဖြစ်​​နေသည်​။

ရေချိုးခန်းထဲတွင်​​ရေချိုး​နေဆဲXiao lu ​ကြောင့်
သူ ဖုန်းကိုလှမ်းယူပြီးကိုင်​မည်​အလုပ်​ ဖုန်းကကျ​သွားသည်​မို့ ​ခေါ်ဆိုသူနာမည်​ကိုကြည့်​လိုက်​မိသည်​။

Bae Suzy

Sehun မှတ်​ဥာဏ်​​တွေကို ခပ်​မြန်​မြန်​အလုပ်​​ပေးလိုက်​​တော့ တစ်​​နေ့ကး​ကျောင်းသွာအပ်​စဉ်
Xiao lu ကို ဇွတ်​အတင်းလာနှုတ်​ဆက်​ပြီးဖုန်းနံပါတ်​ယူသွားသည့်​​ကောင်​မ​လေးကိုပြန်​သတိရလိုက်​သည်​။

***ဒီ​ကောင်​မ​လေးနဲ့ Xiao lu အဆက်​အသွယ်​ရှိတာလား?***

Sehun ကြာကြာမ​တွေးလိုက်​ရ
ရေချိုးပြီးထွက်​လာ​သော Xiao lu သည်​ ခါးတွင်​တဘတ်​တစ်​ထည်​ကိုပတ်​ထားကာ
ရေစို​နေ​သောဆံပင်​​တွေကို တဘတ်​နှင့်​သုတ်​​နေရင်း သူ့အနားသို့​လျှောက်​လာသည်​။

"ဖုန်း​သံကြားလိုက်​လားလို့? ဘယ်​သူဆက်​တာလဲ? "

"မသိဘူး​လေ "

Sehun မသိဟန်​​ဆောင်​ကာ
Xiao lu ကို ကုတင်​​ပေါ်ထိုင်​​စေပြီး
ခေါင်းက တဘတ်​ကို ဆွဲယူလိုက်​သည်​။

ကုတင်​​စွန်းတွင်​ထိုင်​​နေ​သော ယုန်​​ပေါက်​​လေးက
နှာတ ရှုံ့ရှုံ့လု​​ပ်​ရင်းပင်​ သူ​ဆံပင်​သုတ်​​ပေးတာကိုငြိမ်​ခံ​နေသည်​။
ဆံပင်​​တွေအ​တော်​အသင့်​​ခြောက်​မှ Dryer ကိုယူကာ အ​ခြောက်​ခံ​ပေးရင်း
Sehun သူ့ကို​မေးလိုက်​သည်​။

"Xiao lu "

"Hmm? "

"​ကျောင်းမှာ Xiao luနဲ့ ကိုယ့်​အ​ကြောင်းမသိတဲ့သူရှိလား? "

Sehun ​မေးလည်း​မေးရင်း Xiao lu မျက်​နှာ​လေးကိုလည်းတစ်​ချက်​ငုံ့ကြည့်​လိုက်​​သေးသည်​။
Xiao lu က နှာ​ခေါင်းရှုံ့  ကာ

"ရှိတာ​ပေါ့!....ကျ​နော့်​တို့အ​ကြောင်း လူတိုင်းသိရ​အောင်​ ကျ​နော်​တို့ကဘာမို့လို့လဲ?  "

LollipopWhere stories live. Discover now