Ch-1

8.3K 360 4
                                    

(Unicode below)

နှင်းဖွေးဖွေးကျနေတဲ့ ဆောင်းတွင်းမနက်တစ်ခုမှာ မိဖုးကြီး တစ်ပါး .. ပြတင်းပေါက်ဝနားထိုင်ပြီး ပန်းထိုးနေတယ် .. ရုတ်တရက်လက်ချော်ပြီး သူမ အပ်ထိုးမိတော့ နီဆွေးဆွေး သွေးစက် ၃စက်က အနက်ရောင် သစ်သားပြတင်းဘောင်ပေါ် တင်နေတဲ့ ဖြူဖွေးဖွေးနှင်းတွေပေါ်ကျသွားတယ် .. အဲ့ဒါကိုကြည့်ပြီး မိဖုရားကြီးက တွေးတယ်

"ငါဖွားမြင်တဲ့ သမီးတော်လေးကလဲ .. နှင်းလိုဖြူဖွေးတဲ့ အသားအရည် .. သွေးလိုနီဆွေးတဲ့ နှုတ်ခမ်း .. သစ်သားလို မဲနက်တဲ့ ဆံပင်တို့ကို ပိုင်ဆိုင်ရင် ကောင်းမယ်" ...

သိပ်မကြာခင်အချိန်တွင်းမှာပဲ မိဖုရားကြီးက သမီးတော်လေး တစ်ပါးဖွားမြင်ပြီး ကွယ်လွန် သွားတော့တယ် သမီးလေးနာမည်ကိုတော့ Show White လို့ခေါ်တွင်စေခဲ့တယ် ..

"မေမေ..ကွယ်လွန်တယ်ဆိုတာ ဘာကိုပြောတာလဲဟင် .."

သိချင်စိတ်အပြည့်နဲ့ အားကြိုးမာန်တက်မေးလိုက်တဲ့ ကျွန်မရဲ့ အမေးကို မေမေက ပုံပြင်စာအုပ်ကို ပိတ် စိတ်ရှည်စွာပင် ကျွန်မ ဆံပင် ဖြူဖြူတွေကိုသပ်တင်ပေးရင်း ပြုံးကာ ..

"ကွယ်လွန်တယ်ဆိုတာ သေသွားတာကိုပြောတာ မီးမီးရဲ့ .. လူတွေ သေဆုံးပြီဆိုရင် ဟိုး...ကောင်းကင်ပေါ်ကိုရောက်သွားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရတာ ..."

"ဒါဆို မိဖုရားကြီးက ပျော်ဖို့ကောင်းတဲ့ဆီရောက်သွားတာပေါ့နော်"

ကျွန်မနားလည်သွားသလိုပြောတော့ မေမေပပြုံးရင်း နဖူးကို ခပ်ဖွဖွနမ်းကာ

"မီးမီးအိပ်တော့မလား .. မေမေပုံပြင်ဆက်ဖတ်ပြရမလား"

ရုတ်တရက် သန်းဝေလာပြီး ငိုက်မြည်းလာတဲ့ စိတ်အစုံကို မဆန့်ကျင်နိုင်တော့ပဲ ..

"မီး အိပ်တော့မယ်မေမေ ကောင်းသောညပါ.."

"ကောင်းသောညပါ.."

မေမေက ကျွန်မ ပါးဖောင်းဖောင်းတွေကို နမ်းကာ အခန်းတွင်းမှနှုတ်ဆက်ထွက်ခွာ သွားတော့သည် ...

Mirror mirror (Completed) (Zaw+Uni)Where stories live. Discover now