Ch-4

1.9K 276 12
                                    

"ကြေးမုံ လမ်းခရီးမှာ ဂရုစိုက်နော် ဟို love birds. ၂ယောက်နဲ့လဲ တည့်အောင်ပေါင်း.."

ရှိုးတိုးရှမ်းတန်း ပြောလာတဲ့ Five စကားကြောင့် ဟို၂ယောက်ကို ကြည့်မိတော့ Huntsman အင်္ကျီ ကော်လံကို အကျအန ပြင်ပေးနေတဲ့ Prince ... မြင်သူတိုင်းက အကဲပိုသည် မှတ်ချက်ချရလောက်အောင် မိုးမမြင် လေမမြင်ဖြစ်နေကျသည်။

"ဒါနဲ့လေ .. ကျွန်တော် ၄နှစ်အရွယ်က မောင်မောင်နဲ့ ဒီကိုရောက်ဖူးတယ် ဆိုတော့ .. မောင်မောင့်ကို သိကျတာလား .."

"သိတာပေါ့ .. မောင်မောင့်ရဲ့ first life က ဒီမှာလေ .. အဲ့တုန်းက သူ့နာမည်က DiDi"

Seven အဖြေစကားကြောင့် ကျွန်တော် ခေါင်းညိမ့်မိသည် ..

"ဒါဆို သူ ဖွားဖွားဆီရောက်လာတာက second life နဲ့ပေါ့နော် .. ခုရော သူ့ third life ကို ဘယ်မှာလဲဟင် .."

Seven က လေးပြင်းစွာခေါင်းရမ်းပြရင်း

"သူပြန်မလာဘူး .. ဘယ်ရောက်နေလဲဆိုတာ ခုထိမသိရသေးဘူး .."

..... ..... .....

ညီကို ၇ယောက်ကို နှုတ်ဆက်ပြီး ခရီး မနားတမ်း နှင်လာတာ ၄နာရီပင်ရှိပြီ .. အရှေ့ ဦးဆောင်သွားတဲ့ Prince နဲ့ Huntsman ကတော့ မောပန်းပုံမပေါ် အရှိန်က တစိလေးတောင် မလျော့သေး ..

ကျောင်းနဲ့ အိမ်ကလွဲရင် အမြဲ အိမ်တွင်းပုန်းခဲ့တဲ့  ကျွန်တော့် ကတော့ ရေကူနေရင်းမှ မခံနိုင်သည့်အဆုံး အရိပ်ကောင်းကောင်းသစ်ပင်အောင် ၀င်ထိုင်လိုက်သည်။

"Prince..  Huntsman..  ငါဘယ်လိုမှ ဆက်မလျောက်နိုင်တေလို့ .. ၁၀မိနစ်လောက် အနားယူပြီးမှ သွားရအောင် .."

ရှိသမျှ လက်ကျန် အားကုန်ထုတ်သုံးပြီး အော်ပြောရင်း မျက်လုံးမှိတ်လိုက်လျင်ပဲ အိပ်မက်ကမ္ဘာထဲ ၀င်ရောက်သွားတော့တယ် .. Four ပေးတဲ့ခေါင်းအုံးလေး ယူလာမိရင်ကောင်းသား...

"meow...(ကြေးမုံ) "

ဖွားဖွားရဲ့ပန်းခင်းထဲကျွန်တော် ပြေးဆော့တဲ့ အချိန်တိုင်း ဘေးနားကနေ မောင်မောင် တစ်ကောင် တညောင်ညောင်နဲ့ လိုက်ပြေးဆော့ပေးတတ်သည်။ ...

မောလာတိုင်း သစ်ပင်ကြီးအောက် ၀င်ပြီး အပြာရောင်ကောင်းကင်ကြီးကိုမော့ကြည့်မိတဲ့ အချိန်ဆိုရင်လဲ ဘေးနားငြိမ်ငြိမ်လေး ခွေနေတတ်တဲ့ မောင်မောင် ..

Mirror mirror (Completed) (Zaw+Uni)Where stories live. Discover now