+++++Unicode Below+++++
"ဟေ့.. ဒီမှာ!"
သေချာတယ် သူ ကျွန်တော့်ကို ခေါ်နေတယ်ဆိုတာ။
နားထဲမှာ နားကြပ်ကနေတစ်ဆင့် ကျယ်လောင်စွာဖွင့်ထားတဲ့ သီချင်းတောင် သူ့ အသံကို မလွှမ်းမိုးနိုင်ဘူးဆိုတော့ ဘယ်လောက်တောင် ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါလိမ့်။
ဘေးနားက ကျောင်းသားတစ်ချို့ ကွက်ကြည့် ကွက်ကြည့် လုပ်သွားသည်ကိုပင် မမြင်ချင်ယောင်ဆောင်လိုက်သည်။
ခြေလှမ်းနှုန်းကို ၂ဆပိုမြန်လိုက်သည်။ မနက်က လုပ်လိုက်သည့် အပြုအမူအတွက် ရှင်းပြဖို့ ကျွန်တော် အဆင်သင့်မှ မဖြစ်သေးပဲ။
"ကြေးမုံ!!! "
ဟာ နာမည်တောင်သိသွားပြီလား။ မျက်နှာချင်းဆိုင်လျှောက်လာတဲ့ ကျောင်းသူတစ်ယောက်က ကျွန်တော့်ကို ၀င်တားရင်း
"အစ်ကို နောက်မှာခေါ်နေတယ်"
မျက်နှာချင်းဆို ပြောသည့်စကားကိုတော့ လျစ်လျူရှုမရတော့...
ကျွန်တော် နားကြပ်ကို ဖြုတ်ပြီး အတည်ငြိမ်ဆုံး ဖြစ်အောင့် အသက်အ၀ရှူလိုက်သည်။ နောက်ကို လှည့်လိုက်ချိန်တွင် ကျွန်တော်နှင့် အနီးကပ်ဆုံးတွင် ရပ်နေသည့် Liam ကြောင့် ခြေတစ်လှမ်းပင် နောက်ဆုတ်သွားမိသည်။
"ငါ့ကို ခေါ်တာလား"
"ငါ့ကိုခေါ်တာလား မေးနေသေးတယ် လည်ချောင်းတောင် ကွဲတော့မယ်။"
"ဩ ငါ့ခေါ်တာ ဟုတ်နေတာပဲ ဘာကိစ္စလဲ? "
သူကသက်ပြင်းတစ်ချက်ချတယ်။ ဒေါသတွေကို မြိုချလိုက်သည့်ပုံမျိုးဖြင့်
"မနက်က ငါ့ကို ရုတ်တရက် နမ်းပြီး ထွက်ပြေးသွားတာ ဘာသဘောလဲ"
"အကြွေးပြန်ယူတာ"
တစ်ခုမှနားမလည်ဘူးဟု ဆိုလိုချင်သည့် အမူအရာက တစ်မျိုးလေးချစ်စရာကောင်းနေပြန်သည်။
"ငါကမင်းအပေါ်ဘာအကြွေးတင်နေလို့လဲ! လူချင်းတောင်ခုမှတွေ့ဖူးတာ မဟုတ်လား"
"လွန်ခဲ့တဲ့ ၄နှစ်က တွေ့ဖူးတယ်လေ မမှတ်မိဘူးလား"
သူက မျက်မှောင် မသိမသာလေးကြုံ့လိုက်တယ်။ သဲလွန်စ တစ်ခုခု ရလိုရငြားပုံစံလေး။ ဒါကလဲ မြင်ဖူးနေကျ Liam မဟုတ်တဲ့ နောက်ထပ် Liam တစ်ယောက်ရဲ့ ပုံစံ။
YOU ARE READING
Mirror mirror (Completed) (Zaw+Uni)
ParanormalMirror mirror on the wall who is the most pitiful....