Ch-5

1.8K 267 25
                                    

ခါးတွင်ဖက်တွယ်ထားသော Liam လက်ကို ဆွဲကိုင်လျက် ကျွန်တော် ရုန်းလိုက်ပြီး

"ဘာတွေလာပြောနေတာလဲ .. ဘာကိစ္စ မင်းနဲ့ အတူနေပေးရမှာလဲ ..?"

"elf တွေဆီက တစ်ခုလိုချင်ရင် အမြဲတမ်း တစ်ခုပြန်ပေးရတယ်.. အဖေ့တောင်းဆိုချက်အတိုင်း စိန်နောက်တစ်လုံး သွားပြန်ယူပေးလဲ ရတယ်နော် .. ဒါပေမဲ့ Huntsman ရဲ့ ဒေါသကိုတော့ အာမ မခံနိုင်ဘူး ... "

စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ လှောင်ပြုံးတစ်ခု ချိတ်ဆွဲပြထားသလို ထင်ရှားလှသည် ..

Huntsman ရဲ့ စိတ်မြန်ပုံနဲ့သာဆို ... မှော်ဆရာဆီတောင် မရောက်ပဲ ဒီမှာတင် တိုက်ပွဲထဖြစ်လောက်တယ် ..

"မင်းနဲ့ အတူ နေရမယ်ဆိုတာ ဘာကိုပြောတာလဲ ... မင်းအဖေတောင်းတဲ့ စိန်က ဒီကမ္ဘာမှာအရှားပါးဆုံးမို့ ... ဒါပေမဲ့ မင်းကတော့ ..."

သူပြုံးလိုက်တာကြောင့် ကျွန်တော် စကားတစ်ဝက်တစ်ပြတ်ဖြင့်ရပ်တံ့ မိသွားသည် ..

"မင်းလဲ ငါ့ အတွက် အဖိုးတန်ပဲ .. Backy က ဟိုးအကောင်ပေါက်ကတည်းက .. ငါမဟုတ်ရင် ဘယ် သူစိမ်းလက်ထဲရောက်မှ လိုက်တာမဟုတ်ဘူး .. ဒါပေမဲ့ မင်းနဲ့ကျတော့ ... အသာတကြည်လိုက်လာတယ်ဆိုတော့ .. အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား ..."

မျက်ခုံးတစ်ဖက်ပင့်ရင်း ပြောလာသည့်သူရဲ့ မျက်လုံး စိမ်းစိမ်းလေးတွေက သူပြောသမျှနားထောင်လာအောင် ကျွန်တော်ကို ညှို့ယူနေသလိုပင် ...

ကြေးမုံရယ် ယောက်ျားဖြစ်နေမှပဲ မိန်းကလေးပဲ သဘောကျပါတော့လား .. ဘယ်နှယ့် elf က အမဆိုတော်သေး ခုတော့ အထီးကို သဘောကျနေရတယ်လို့ ..

"ဘယ် offer ကိုရွေးမှာလဲ ..."

ကျွန်တော် သက်ပြင်းရှည်ရှည်တစ်ချက်မှုတ်ရင်း

"မင်းနဲ့အတူနေစေချင်ရင်တော့ ဟိုဘက်ကမ္ဘာကိုသာလိုက်ခဲ့လိုက် ... ငါတော့ဒီမှာ မနေနိုင်ဘူး .."

သူက ဟတ်ဟတ်ပက်ပက်ရယ်ရင်း

"ဒီဘက်ကမ္ဘာပေါ်မှာရှိနေတဲ့ အချိန်တွေက ဟိုဘက်မှာ မသက်ရောက်ဘူးဆိုတာကို ဘယ်သူမှ မပြောပြထားဘူးလား .."

Mirror mirror (Completed) (Zaw+Uni)Where stories live. Discover now