Ch-2

3K 326 27
                                    

မှန်ကိုကျွန်မအခန်းထဲတွင် နေရာချလိုက်သည် .. မှန်ရဲ့ဘေးဘောင်ကို အနက်ရောင်သစ်သားနဲ့ ကွပ်ထားသည်.. အဲ့ပေါ်မှာ လှပစွာထုစစ်ထားသည့် ကနုတ်ပွင့်ခက်များနှင့် လှပခန့်ညားလျက်ရှိသည် ... ကိုယ်လုံးပေါ်မှန် တစ်ခါမှ မကြည့်ဖူးသည့် ကျွန်မအဖို့ မှန်ထဲပေါ်နေသည့် ကျွန်မ ပုံရိပ်ကထူးဆန်းနေသည် ..

'Alex through the looking glass' မှန်မျက်နှာပြင်ကိုကိုင်ရင်း ရေရွတ်လိုက်ချင်းဖြစ်သည်။

ကျောင်းတစ်ပါတ်ပျက်ခဲ့သည့်အတွက် တော့ စိတ်မောမိသည် .. ဘယ်သူမှ ကျွန်မဆို စာအုပ်ငှားမည်မဟုတ်သောကြောင့်ပင် .. မတတ်နိုင်ဘူးပေါ့ .. ဆရာမကိုပဲ ပြန်ရှင်းပြခိုင်းရမယ် ..

ကျောပိုးအိတ်ကို ဆွဲပြီး စာအုပ်တွေ ထုတ်တော့ ဖွားဖွားပေးလိုက်တဲ့ စာအုပ်လေးလဲ ထွက်လာသည် .. ဟုတ်ပါရဲ့ စာအုပ်ကိုတောင်မေ့နေတာ ..

စာအုပ်ကို လှန့်ကြည့်တော့ .. လျောကနဲ့ ထွက်ကျလာတဲ့ ဓာတ်ပုံလေးတစ်ပုံ.. မှောက်လက်အနေအထားနဲ့ ကြမ်းခင်းပေါ်ကျသွားတဲ့ ဓာတ်ပုံလေးကို ကျွန်မလှန်ကြည့်လိုက်တော့ ကလေးမလေး ကြောင်နက်ကို ပိုက်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ..

ဒါကျွန်မနဲ့ မောင်မောင့် ပုံပဲ ပုံလေးကို မှန်ကြီးရဲ့ဒေါင့်စွန်းမှာ ထိုးလိုက်သည်။ ပြုံးရယ်နေတဲ့ ငယ်ငယ်တုန်းက မျက်နှာအတိုင်း မှန်ထဲကြည့်ပြီး လိုက်ပြုံးမိသည် .. မြင်ရသည့်ရုပ်ကတော့ စိတ်ပျက်စရာ ..

ရယ်တာတောင်ဘယ်လိုရယ်ရသလဲမေ့သွားအောင်ထိ ကျွန်မ မရယ်ခဲ့တာ အတော်ကြာပြီ ...

"မှန်ရေ မှန်ရေ ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံး မိန်းကလေးကဘယ်သူလဲဟင် .."

Snow White ရဲ့ပုံပြင်ထဲက Evil Queen မေးနေကျ စကားလေးကို ကိုယ့်အဖြစ်နဲ့ကိုက်ညီအောင် version ပြောင်းပြောပြီး ပြုံးမိသည်။

ကျွန်မ Evil Queen မဟုတ်ပါ .. ကျွန်မက Queen ရဲ့ လက်စွဲတော် မှန်တစ်ချပ်သာ ...

မှော်ဆရာက အရမ်းချောမောလှပတဲ့ အမျိုးသမီးတစ်ဦးအလှမှာ ကျရှုံးပြီး သူမကို ရူးရူးမူမူး ချစ်ကြိုက်မိသွားတယ် .. အမျိုးသမီးက ရုပ်ရည်ချောမောလှသလောက် စိတ်ဓာတ်ပိုင်းမှာတော့ ကောက်ကျစ်စဉ်းလဲလွန်းလှတယ် ...

Mirror mirror (Completed) (Zaw+Uni)Where stories live. Discover now