သူ့အကြောင်းတစ်စွန်းတစ်စ

165 8 0
                                    


သူ့အကြောင်းတစ်စွန်းတစ်စ
********************
ဆရာတာရာမင်းဝေကို ၁၉၆၆ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာတာရာမင်းဝေရဲ့ အမည်ရင်းက ချစ်ညီညီပါ။ သူက ငယ်စဉ်က အလွန်တော်တဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ အတန်းထဲမှာ ပထမ၊ဒုတိယ၊ တတိယဆုများကို အမြဲတစေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆယ်တန်းကိုတော့ နှစ်ချင်းပေါ်က် အောင်မြင်အောင် သူမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကို သူ့အဖေက သူကဗျာတွေရေးနေလို့ ဆယ်တန်းကျတာဖြစ်ကြောင်း မှတ်ချက်ချခဲ့ဖူးပါတယ်။ ဆရာတာရာမင်းဝေဟာ နိုင်ငံရေးကိုလည်း ဝါသနာပါခဲ့သူတစ်ယောက်ပါ။ ၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ ကျောင်းသားတစ်ဦးအနေနဲ့ တတ်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ ဒါအပြင် ၁၉၈၈ ဒီဇင်ဘာ ဗကသများအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမူကြောင့် ၁၉၉၀ကနေ၁၉၉၄ခုနှစ်အထိ အကျဉ်းချခံရတဲ့အပြင် ၂၀၀၅ခုနှစ် ၊ မေလမှာလည်း မိသားစုနဲ့အတူ ယာယီ အထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီအရေးအခင်းကာလမှာ ရွှေဘုန်းလူအမည်နဲ့ ကျောင်းဖွင့်ချိန်ကဗျာကို ရေးခဲ့ပါတယ်။ အဲဒီကဗျာဟာ ကျောင်းသားတွေကြား အတော်ရေပန်းစားခဲ့ရပါတယ်။

၁၉၉၄ခုနှစ် ၊ဖေဖာဝါရီလမှာတော့ ဆရာတာရာမင်းဝေ သာယာဝတီထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။  ထောင်ကထွက်လာပြီးနောက် တာရာမင်းဝေဆိုတဲ့ ကလောင်အမည်ကို ခံယူပြီး စာရေးဆရာ၊ ကဗျာဆရာတစ်ဦးအဖြစ် စာပေလောကမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီ တာရာမင်းဝေဆိုတဲ့ ကလောင်အမည်ဟာ သူအကိုရဲ့ ကလောင်ပါ။ သူနဲ့အတူ သူ့အစ်ကိုပါ နိုင်ငံရေးကိစ္စကြောင့် အချုပ်ထဲရောက်နေချိန်မှာ သူအကိုဆီကနေ ထိုကလောင်ကို သူကတောင်းခံခဲ့ပါတယ်။ သူ့အစ်ကိုကလည်း သူ့အတွက် အဲဒီကလောင်ကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆရာတာရာမင်းဝေဟာ လေစီးကြောင်းထဲက လူများဆိုတဲ့ ဝထ္ထူတိုနဲ့ ၁၉၉၄၊ မေလထုတ် ရင်ခွင်သစ်မဂ္ဂဇင်းမှာ စတင်ပြီးေ ဖ်ာပြခံရပါတယ်။ သူဟာ ခေတ်လူငယ်တို့ရဲ့ သဘာဝအတိုင်း မော်ဒန်အနုပညာကို စိတ်ဝင်စားခဲ့ပါတယ်။ ပြီးတော့ မော်ဒန်ဝထ္ထူတိုတွေကို ရေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက မော်ဒန်စာရေးဆရာများရဲ့ နည်းတွေကို တိုက်ရိုက်ယူခြင်း၊ မှီငြမ်းခြင်းတွေ မပြုလုပ်ခဲ့ပါဘူး။ သူကိုယ်တိုင် တီထွင်ဆန်းသစ်ပြီး အားပြုရေးခဲ့ပါတယ်။ ၁၉၉၅ခုနှစ်မှာတော့ စာပေဂျာနယ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အားလူးစားသူးများ ဝထ္ထူတိုနဲ့ ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့ပါတယ်။  အဲဒီနောက် သူဟာ မော်ဒန်ဝထ္ထူတိုလောကမှာ အလွန်ထင်ရှားသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူက ဝထ္ထူတိုတွေရေးရမှာ အစုသုံးစုခွဲပြီး ရေးလေ့ရှိပါတယ်။
(၁) လူနှင့်......(ဥပမာ လူနှင့်နွေရာသီဂီတ)
(၂)ကျွန်တော်နှင့်....(ဥပမာ ကျွန်တော်နှင့်အိပ်မက်ကလေး)
(၃)အလွတ်အုပ်စု (ဥပမာ ဓားသွားပေါ်မှာကတဲ့ ဆပ်ကပ်)
အဲဒီလိုမျိုး သူက သူ့ဝထ္ထူတိုတွေကို ခွဲ ခြားပြီး ရေးခဲ့ပါတယ်။  သူဟာ လုံးချင်းဝထ္ထူတွေကို ရေးခဲ့ပါတယ်။ သူ့လုံးချင်းဝထ္ထူတွေဟာ ပရိတ်သတ်အနေနဲ့ တွေ့မြင်နေကျ ဝထ္ထူမျိုးတွေ မဟုတ်ပါဘူး။ အဓိကအနေနဲ့ ဝထ္ထူဖွဲ့စည်းတည်ဆောက်မူအပိုင်းမှာ ကွဲပြား နေခဲ့ပါတယ်။ ဒါကိုလည်း သူ့ကိုယ်တိုင်က ကျွန်တော်နှင့် ဧဒင်ကချေသည်ဆိုတဲ့စာအုပ်မှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ပြောရရင်  သူ့ရင်ထဲမှာ အနုပညာသီးသန့်နယ်ပယ် (Autonomy) ရှိတယ်ဆိုတဲ့သဘော၊ အနုပညာ သဘာဝတည်ရှိမူတွေကို အခြေခံပြီး "အသစ်တည်ရှိမူ" တစ်ခုကို ဖန်တီးရတယ်ဆိုတဲ့သဘောတွေဟာ ကိန်းဝပ်နေခဲ့လို့ပါပဲ။ 
အဲဒီလို ဖန်တီးခဲ့တဲ့ ဝထ္ထူတွေထဲမှာ ကျွန်တော်က အရှေ့မြိုးရိုးမှ မိုးရေစက်များကို အရမ်းကြိုက်ခဲ့မိပါတယ်။ နောက် ဆရာတာရာမင်းဝေရဲ့ "ရှုး"ဆိုတဲ့ ဝထ္ထူဟာလည်း ဆန်းသစ်ပါတယ်။ သာမန်ရိုးကျ ဇာတ်လမ်းမျိုးနဲ့ ပွဲထွက်လာပြီးမှ နောက်ပိုင်းမှာ အဆက်အစပ်မရှိတဲ့ အကြောင်းအရာတွေကို စုံထောက်ဝထ္ထူတွေထဲကအတိုင်း ပြန်လည်ချိတ်ဆတ်ပြထားပုံက သူရဲ့တွေးတောမူ ဘယ်လောက်ကောင်းကြောင်း ဖော်ပြနေသလိုပါပဲ။
သူဟာ စာပေလောကထဲကို လွတ်လပ်ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သူပါ။ သူမှာ ဆရာ၊တပည့် ၊အုပ်စု၊ ဒေသစွဲ၊ ဝါဒစွဲတွေ ဘာတစ်ခုမှ ရှိမနေပါဘူး။ ပြီးတော့ လူငယ်တွေအပေါ်မှာလည်း ကိုယ်ချင်းစာနာစိတ် ထားတတ်တဲ့သူပါ။ သူ့ကိုယ်တိုင်ကလည်း သူရဲ့လူငယ်ဘဝမှာ ထင်သလောက် လွတ်လပ်ခွင့် မရခဲ့ရှာပါဘူး။ ဒါကြောင့် သူဟာ လူငယ်တွေ အပေါ်မှာ ကိုယ်ချင်းစာခဲ့ပါတယ်။
ဆရာတာရာမင်းဝေဟာ စာနှင့်ကဗျာကိုသာ မဟုတ် ပါဘူး။ အခြားသော အနုပညာများကိုလည်း လေ့လာလိုက်စားတဲ့ သူတစ်ယောက်ပါ။ ပြီးတော့ သူဟာ ပညာရပ်နယ်ပယ်ပေါင်းများစွာကိုလည်း စေ့စေ့စပ်စပ် လေ့လာသမူပြုနိုင်တဲ့ လူတော်တစ်ယောက်ပါ။ ဒါအပြင် အလွန်မှ ကြံကြံဖန်ဖန်ရှာဖွေတွေးတောတတ်တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း စေ့စေ့စပ်စပ်၊သေသေ ချာချာ လေ့လာကြည့်ရှုတတ်တဲ့လူလည်း ဖြစ်ပါတယ်။
ဒါတွေအားလုံးကို သူရေးခဲ့တဲ့ စာအုပ်တွေက သက်သေခံနေပြီးသားပါ။ အဲဒီသက်သေခံတွေကိုလည်း ကျွန်တော်က ဒီစာအုပ်ကနေတစ်ဆင့် ထုတ်ပြပေးသွားမှာပါ။
ပြီးတော့ သူဟာ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသည့်အလျှောတ် ပန်းချီကားတစ်ချို့ကိုလည်း ဆွဲခဲ့ပါသေးတယ်။ သူရဲ့ ပန်းချီကားတွေကို သံလွင်လမ်းက Art club ပန်းချီပြခန်းမှာ ပါဝင်ပြသခဲ့ဖူးပါတယ်။ သူဆုံးပြီးနောက်ပိုင်းမှာတော့ သူရဲ့ပန်းချီကားတွေကို သူရဲ့ရန်ကုန်နေအိမ်မှာ ချိတ်ဆွဲထားရှိခဲ့ကြပါတယ်။ သူဟာ ကဗျာ ၊ပန်းချီ၊ ဂီတ ၊ အက အနုပညာပုံစံအားလုံးဟာ အခြေခံသဘောတရားအားဖြင့် အကုန်အတူတူပဲလို့ ခံယူထားခဲ့တဲ့သူပါ။

ဆရာတာရာမင်းဝေဟာ ငယ်ရွယ်စဉ်က ပေပေတေတေနေခဲ့မူကြောင့် ကျန်းမာရေးမကောင်းဘဲ နှစ်ချီနေခဲ့ ရပါတယ်။ အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူဟာ စာရေးစာဖတ်အလုပ်ကို အိပ်ယာပေါ်မှာပဲ လုပ်ခဲ့ရပါတယ်။  သူဟာ အဲဒီတုန်းက ကျန်းမာရေး ပုံမှန်မရှိတာကြောင့် အစာ စားချင်စိတ် မရှိခဲ့၊ စားလျှင်လည်း ပြန်အန်ထွက်နေခဲ့ပါတယ်။
ရေသောက်လျှင်တောင်မှ ရေပြန်အန်ထွက်နေတတ်ပါတယ်။
စာရေးလျှင်လည်း ကတုန်ကယင်ဖြစ်ပြီး သူ့လက်တွေက ဟိုကပ်ဒီကပ် ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့်
သူ့အိမ်အနီးအနားမှာ သူ သွားရောက်မကုသဖူးတဲ့ ဆေးခန်းလည်း မရှိသလောက်ပါပဲ။ ဆရာဝန်တွေက သူ့ရောဂါကို တစ်ယောက်တစ်မျိုး နာမည်တပ်ခဲ့ကြပါတယ်။ ဆေးအမျိုးမျိုးလည်း ပေးကြပါတယ်။ ဒါပေမယ့် သူ့ရောဂါက မသက်သာလာခဲ့ပါဘူး။ တကယ်တော့ သူက သွေးကြောလေကြောပိတ်တဲ့ရောဂါကို ခံစားနေခဲ့ရ ရှာတာပါ။ မြန်မာတိုင်းရင်ဆေးဆရာကြီးတစ်ယောက်ဆီမှ ကုသမူ ခံယူလိုက်တဲ့နောက် သူ အတော်လေး သက်သာသွားပါတယ်။ ဒါပေမယ့် အရှင်းတော့ မပျောက်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ဆရာတာရာမင်းဝေဟာ ၂၀၀၇ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ ကွယ်လွန်သွားရှာပါတော့တယ်။ သူကွယ်လွန်သွားခဲ့ပေမယ့် သူ့ကို စာပေအသိုင်းအဝိုင်းက အမြဲအမှတ်ရနေကြဆဲပါ။ ပြီးတော့ ဆရာတာရာမင်းဝေရဲ့ အတွေးအခေါ် အယူအဆ အမြင်တွေဟာ စာဖတ်သူတွေရဲ့ ရင်ဘတ်ကို ထိမှန်စေခဲ့တဲ့ မျှားချက်တွေဆိုတာ ဘယ်သူကမှ မငြင်းနိုင်ခဲ့တဲ့အရာတွေပါ။ သူ ကွယ်လွန်သွားခဲ့တာ မှန်ပေမယ့် သူရဲ့အမည်နာမဟာ စာပေလောကအတွင်းမှာ တည်တံခိုင်မြဲနေဦးမှာလည်း အမှန်ပါပဲ။ သူ ဆုံးပါးသွားရခြင်းအပေါ် အားလုံးဟာနှမြောတမ်းတဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တာရာမင်းဝေအမှတ်တရစာစုများ စာအုပ်မှာ ကိုဖြိုးက လူတစ်ယောက် သေသွားခြင်းမဟုက်၊ အနုပညာတစ်ခု သေသွားခြင်း ဖြစ်တယ်လို့တောင်ဆိုခဲ့ပါတယ်။ ဒါဟာ သူရဲ့ အားထုတ်မူမှ ရရှိခဲ့တဲ့ အသီးအပွင့်တွေပါပဲ။  သူ့စာကို ဖတ်မိတဲ့အခါတိုင်း သူ့ကိုအမြဲ အမှတ်တရရှိနေရမိတာကိုကပဲ ပလုံလို့မြည်သွားတဲ့ သူ့ရဲ့သမိုင်းပဲဖြစ်ပါတော့တယ်။
တာရာမင်းဝေ
♥♥♥♥♥♥♥♥
သူတစ်စတစ်စနှင့်
ကျွန်တော်တို့၏
နှလုံးသားများကိုတူးဆွခဲ့သည်
သူတစ်စတစ်နှင့်
ကျွန်တော်တို့ အိပ်မက်ထဲ စွဲမက်ကျန်ရစ်ခဲ့သည်
သူတစ်စတစ်စနှင့်
လောကမာယာကြားမှာ ပျောက်ကွယ်သွားတော့
ထို တစ်စတစ်စများအတွတ်
သူဘယ်လောက်တောင် အရဲစွန့် 
ပျံသန်းခဲ့တယ်ဆိုတာ
သူ့ရဲ့  တစ်စတစ်စတွေက
သက်သေဖြစ်ခဲ့သည်။
Nov21.2013
minsetwai

တာရာမင်းဝေအားလေ့လာခြင်းWhere stories live. Discover now