သူနှင့္ နံနက္ခင္းတရား

14 0 0
                                    


သူနှင့်နံနက်ခင်းတရား
____________________

သူနှင့်နံနက်ခင်းတရား____________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒီတစ်ခါ ရေးစရာကိုလည်း အလံမထူခဲ့သောလက်များထဲမှာပဲ ထပ်တွေ့မိပါတယ်။
ဝထ္ထူတိုလေး နာမည်က လူနှင့်နံနက်ခင်းတရားပါ။

ဒီဝထ္ထူတိုလေးထဲမှာ ဆရာတာရာမင်းဝေက စိတ်ကိုဝေဖန်ဆန်းစစ်မူလေးတစ်ခု လုပ်ပြထားပါတယ်။
ဝထ္ထူက ဘယ်လောက်မှ မရှည်ပါဘူး။

စာမျတ်နှာလေး သုံးမျတ်နှာလေး သုံးမျတ်နှာခွဲလောက်ပဲ ရှိပါတယ်။

ဒါပေမယ့် ဆိုလိုရင်းလေးက တကယ်ပေါ်လွင်ပါတယ်။ ရေးတာကို အတိုချုံဖော်ပြပါမယ်။

_မနက်က ကျွန်တော် သတင်းစာ
ထိုင်ဖတ်နေသည်။
_ကျွန်တော်နံဘေးမှာ ဖြူဖွေးဆိုသော
ခွေးကလေးရှိပါသည်။
_နှာမှုတ်သံကြီးကြောင့်
ကျွန်တော်လန့်သွားသည်။
လှည့်ကြည့်လိုက်တော့
မြွေကြီးတစ်ကောင်။
_ကျွန်တော်မည်သို့ လုပ်ရမှန်းမသိချိန်မှာ အမှန်တကယ်လုပ်သောသူမှာ ဖြူဖွေးဖြစ်သည်။

ဒီနေရာလောက်အထိ ဝထ္ထူက ရိုးရှင်းစွာနဲ့ ရှင်းရှင်းလင်းလင်း တည်ဆောက်ပြလာခဲ့ပါတယ်။

ဒီနောက်မှာ တွေးခေါ်မူတွေက စလာပါတယ်။

(ဖြူဖွေးက စွေ့ကနဲခုန်ပြီး မြွေကိုခြောက်၏။
မြွေကလည်း ငြိမ်ခံနေသည် မဟုတ်ပါ။
ပြန်လည်တိုက်ခိုက်ရန်ပြင်၏ ။
"ဟေ့"
ကျွန်တော်မည်သူကို အော်လိုက်မှန်း ကျွန်တော်ကိုယ်တိုင်ပင်မသိပါ။)
ဒီနေရာတွင် သေချာဖတ်ဖို့လိုသည်။

ကျွန်တော်တို့သည် ပုံမှန်အတိုင်းဆို ခွေးကိုအော်လိုက်သည်ဟု ဖြေမည်။ သို့မဟုတ် မြွေကိုဖြေလိုက်သည်ဟု ဖြေမည်။ သို့သော် ထိုအဖြေတို့သည် အမှန်တကယ် မှန်နိူင်ပါ၏လော။
ခွေးကိုအော်ခဲ့ခြင်းဟု ဖြေလျှင်၊ အဘယ်ကြောင့်နည်း။ ခွေးကိုမြွေပေါ်က်မှာ စိုး၍လော။ သို့ဆိုလျှင် မြွေသည် ခွေးကိုမကိုက်မိစေဖို့ မြွေကိုအော်လိုက်ခြင်းဖြစ်သည်ဟု ဆိုလျှင်လည်း ငြင်းစရာမရှိပေ။ အဖြေသည် လွယ်မယောင်နှင့်ခက်၏။

တာရာမင်းဝေအားလေ့လာခြင်းWhere stories live. Discover now