သူနှင့်လောက

32 2 0
                                    

သူနှင့်လောက
**********
ဆရာတာရာမင်းဝေရဲ့ စာထဲမှာ ဆရာတာရာမင်းဝေရဲ့ လောကဟာ ဘယ်လိုရှိတယ်ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့် ရအောင်ပါ။
(လောကကြီးသည် ပင်လယ်ကြီးနဲ့ တူပါသလား။
ကျွန်တော် မြစ်လို စီဆင်းသွားချင်သည်။
သို့သော် ကျွန်တော်အတွက်တော့ မည်သူမျှ အကျိုးမကျန်ရစ်စေလိုပါ။ မြစ်ကျိုးအင်းတွေကို ကျွန်တော် မထားခဲ့ချင်ပါ။) (ကျွန်တော်နှင့် ဥက္ကာပျံ အပိုင်းအစများမှ) သူ့သဘောက သူလွတ်လွတ်လပ်လပ် စီးမျော်သွားချင်တာပါ။ ဒါပေမယ့် သူစိတ်ဓာတ်အရ မည်သူကိုမျှ ထိခိုက်နစ်နာလိုခြင်း ဆန္ဒ လုံးဝမရှိပါဘူး။ ဒါကို သူစာတွေထဲမှာ ကျွန်တော်တို့ မြင်နေရပါတယ်။ ဆရာတာရာမင်းဝေဟာ သူတစ်ပါးထိခိုက်နစ်နာရအောင် လုပ်ရမှာ သေမလောက်ကြောက်တဲ့သူ။ ကိုယ်ကျိုးမကြည့်တဲ့သူပါ။ ဒါပေမယ့် သူစိတ်ဓာတ်က မာပါတယ်။ သူဟာ စိတ်ဓာတ်ပျော့ညံနေတဲ့လူ မဟုတ်ပါဘူး။ ဒါကို သူရဲ့ အစပိုင်း ကဗျာတွေနဲ့စာတွေမှာ တွေ့မြင်ရပါတယ်။
(ငါဟာ သံခုတင်မှာ အိပ်ပြီး ရာဇဝင်ကို လက်သည်းထိပ်နဲ့ ကုတ်ခြစ်ပြီး ရေးနေတဲ့ကောင်ပါ။) (ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီးမှ)
သူရဲ့ဘဝခံယူချက်တွေကို သူ့ဝထ္ထူတွေထဲကနေ ထုတ်ပြတယ် ။ သူဟာ ဘယ်လိုလူလဲ။ သူလောကက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ သူ့ရာဇဝင်ကိုတော့ မရရအောင် ရေးထိုးမယ်ဆိုတဲ့ လူစားမျိုးလို့ သူဆိုလိုပါတယ်။
နောက်ထပ် ဒီလိုကြိမ်းဝါးမူမျိုးတွေ သူ့မှာ အများကြီးရှိခဲ့ပါသေးတယ်။
(ကိုယ့်ဘဝ ကိုယ်တည်ဆောက်တာပဲ
ပါးနွဲ့တဲ့ ဆပ်ပြာပူဖောင်းလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါ်က်ကွဲပြသွားမယ်။)
(ရစ်သမ်လေးတစ်ခုကဗျာမှ)
သူက သူ့လောကကြီးကို သိပ်ဂရုစိုက်လှတဲ့ လူမျိုး မဟုတ်ပါဘူး။ လောကကြီးဟာ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ပါတယ်။ သူတည်ဆောက်မူဟာ သေးနူတ်နေပါစေ သူကတော့လောကဓံကို ကြောက်လို့နောက်ပြန်မလှည့်မယ့်သူမျိုးပါ။

သူရဲ့ မာကျောတဲ့ ခံယူချက်တွေကြောင့်ပဲလား။
သူလို လူစားအတွက် လောကကြီးဟာ အခွံသက်သက်ပဲ ဖြစ်ပါတယ်။ အဓိကက သူ့ဘဝသူ ရပ်တည်နိုင်ဖို့ပါ။ လောကရဲ့ လောကဓံတွေက သူ့ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ သူ့ကို လတ်နတ်ချ အရှုံးပေးလိုက်ပါတယ်။ ဒါကြောင့် သူက ရဲရဲတင်းတင်းပဲ၊ စကားတစ်ခွန်းကို ဆို လိုက်ပါတယ်။
(ဘဝဆိုတာ ကြောက်တယ်ဆိုပြီး လှည့်ပြန်သွားလို့ရသော အရာမျိုးမဟုတ်။) (အရှေ့မြို့ရိုးမှ မိုးရေစက်များမှ) သူ့စကားအတိုင်းပါပဲ။ သူဟာ ဘယ်တော့မှ နောက်လှည့်မပြန်ခဲ့ပါဘူး။ နောက်ဆုံးအချိန်ထိပါပဲ။အဲလိုရှင်သန်လာတဲ့သူက လောကကို ရူမြင်သုံးသပ်လာပါတယ်။ သူက လောကကို ဘယ်လို ရူမြင်သုံးသပ်လာသလဲဆိုတော့...
( တကယ်တော့ ဒီလောကဟာ တို့အခု ဝင်ကြည့်ခဲ့တဲ့ ဆပ်ကပ်ကလေးထက် အများကြီး ပွေလီတဲ့ဆပ်ကပ်ကြီးပဲ။) (လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇဝင်မှ)
ဟုတ်ပါတယ်။ သူက လောကကို ဆပ်ကပ်တစ်ခုလို ရူမြင်သုံးသပ်လာပါတယ်။ သူ ဒီလို ဘာကြောင့် သုံးသပ်ရတာလဲ။ သူသုံးသပ်သလို လောကကြွးကလည်း တကယ် ရှုပ်ထွေးပွေလီပါတယ်။
နောက်တစ်ခါ ထပ်မံပြဆိုထားချက်ကတော့
(ဆန့်ကျင်ဘတ်တို့ ဖြင့် ကုပ်သပ်ရံခွကာ တည်ဆောက်ထောင်မတ်ပြုထားသည့် လောကကြီးသည် ရုပ်ဖျတ်ထားသော "မာယာ"သာ ဖြစ်သည်။) (လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇဝင်မှ)
ဒီတစ်ခါတော့ လောကကြီးက မာယာလို့ဆိုပြန်ပါတယ်။ ဒီအမြင်နဲ့အတူ ခံယူချက်ပြောင်းလဲသွားခြင်းများကို စတင်တွေ့ရှိရပါတယ်။
(အစစ်အမှန်များရှိကြ၍ အတုအယောင်များ ပေါ်လာကြပါသည်။ ကျွန်တော်ထံတွင် ကျွန် တော်အစစ်အမှန်ရှိသည်။ ထို့ကြောင့် ကျွန်တော်ထံတွင် ကျွန်တော်အတုအယောင်ကော ရှိဦးမည်လား။)(ကျွန်တော်နှင့် ဥက္ကာပျံအပိုင်းအစများမှ)လို့ ရေးထားပြန်ပါသေးတယ်။ ဒီတော့ တစ်ခါတစ်လေ သူခံယူချက်က ဇဝေဇဝါဖြစ်စရာကောင်းနေမှာ အမှန်ပါ။ အစမှာ သူ့စိတ်ဓာတ်တွေ ခိုင်မာကျစ်လစ်ခဲ့တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ ခံယူချက်အမြင်တွေ တစ်စတစ်စပြောင်းလဲလာတယ်။ ဒါဟာ ဘာကြောင့်လဲ။
(ဘဝဆိုတာ တိုက်ပွဲဟု လက်သီးလက်မောင်းတန်းကာ တစ်ချို့ကဆိုသည်။ ကို ယ်စီ ကိုယ်စီ လက်နတ်ရှာကြ၏။ ကျွန်တော်ကတော့ ဘဝဆိုသည် ဘာမှမဟုတ်ဟု ပြောလိုက်သည်။ ဘာကိုမှလည်း မရှာ။ တစ်ခါ တစ်ခါ ကျွန်တော်သည် ရယ်ကျဲကျဲလုပ်လေ့ရှိသည်။) )(ကျွန်တော်နှင့် ဥက္ကာပျံအပိုင်းအစများမှ)
ဘဝရဲ့တွေ့ကြုံမူအခြေအနေကြောင့် ခံယူချက်တွေ ပြောင်းလဲလာခဲ့သလားလို့ ဆိုချင်ပေမယ့် သူကရယ်ကျဲကျဲလုပ်ပြနေတော့ ကျွန်တော်က ဒါကို သူအတော်များများနားလည်သွားလို့လို့ ယူဆမိပါတော့တယ်။
*************************************************************************************

တာရာမင်းဝေအားလေ့လာခြင်းWhere stories live. Discover now