သူနှင့်သူ၏အတွေးအခေါ်များ

47 3 5
                                    


သူနှင့်သူ၏အတွေးအခေါ်များ
*********************

(ကျေးဇူးတရားဆိုတာ ကြိုးလို တုတ်ထားတတ်တယ်။)
(ကျွန်တော်နှင့် အရုပ်မြို့တော်မှ)

ဆရာတာရာမင်းဝေရဲ့ စကားကို သေချာဆန်းစစ်ကြည့်တော့ ဒါဟာအမှန်ပါပဲ။ တစ်ချို့လူတွေဟာ ကျေးဇူးတရားကြောင့် အကျဉ်းကျသလို ခံစားနေရပါတယ်။ သူတို့ဟာ စိတ်ထဲက ထုတ်ဖော်မပြောကြပေမယ့် သူတို့ရင်ထဲမှာ အဲဒီ အကြပ်အတည်းကြားထဲက လွတ်မြောက်ချင်နေကြတာ အမှန်ပါပဲ။ အချို့ ကျေးဇူးရှင်တွေကလည်း မိမိပြုခဲ့ပြီးတဲ့ အကျိုးတရားကို အခွင့်ကောင်းယူပြီး နိုင်ထက်စီးနင်း လုပ်ချင်နေတတ်ကြပါတယ်။ အဲဒီအခါမှာ ခံရသူအနေနဲ့ ကျေးဇူးတရားကို ပြန်ပြန်ထောက်နေရတာဟာ အလွန်မှ မခံချိ မခံသာ ရှိနေရတာမို့ ကျေးဇူးတရားဆိုတာဟာ တကယ်ပဲ ကြိုးလို တုတ်နှောင်ထားနိုင်စွမ်းရှိပါတယ်။ အခုလိုမျိုး သူ့ရဲ့အတွေးအခေါ်တွေဟာ အမြဲဆန်းသစ်နေခဲ့ပါတယ်။ ဒီလိုဆန်းသစ်တဲ့ သူရဲ့အတွေးတွေကို ကဗျာတွေထဲမှာလည်း ဖတ်ရှုလေ့လာခဲ့ရပါတယ်။
(သူများဝတ်ထားပြီးသား
မျတ်နှာ အဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ်။) (စုန်းကိုက်ခံရတဲ့နေ့ ကဗျာမှ)
ဒါက ဘယ်သူနှာခေါ်င်းပေါ်က်နဲ့မှ အသက်မရှုချင်တဲ့ သူရဲ့စိတ်ဓာတ်ကို တွေးခေါ်မူ တစ်ခုအနေနဲ့ သူထုတ်ပြတာပါ။ အဲဒီလို ရှင်သန်မူမျိုးကိုလည်း သူမလိုအပ်ခဲ့ပါဘူး။ သတီလည်း မသတီပါဘူး။ သူက သူ့နှာခေါင်းနဲ့ပဲ သူအသက်ရှုပြီး ရှင်သန်ချင်ခဲ့တဲ့ လူမျိုးပါ။ အဲဒီအတွက်ပဲ သူက အခုလိုမျိုး ထပ်ရေးပြခဲ့ပါတယ်။
(ငါသည် ငါ၏ ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်သည်။
ငါ့ကို ငါက အုပ်ချုပ်၍
ငါ့အလုပ်ကို ငါ လုပ်ရပေတော့မည်။)
(သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်ကဗျာမှ)
သူ့ဘဝမှာ ဘယ်သူ့ ကိုမှ မင်းလုပ်ခွင့် မပေးပါဘူး။ သူကိုယ်တိုင်ဟာ ဘုရင်ဖြစ်တယ်။ အဲသလိုပဲ သူကိုယ်တိုင် ကပဲ ပြည်သူဖြစ်ပါတယ်။ သူ့ဘဝကို သူပဲ ပိုင်ဆိုင်ကြောင်း ကဗျာတွေကနေတစ်ဆင့် ထုတ်ဖော်ပြပါတယ်။ဒါအပြင် ဒီထက်မက ထူးခြားလတ်ဆတ်တဲ့အတွေးအခေါ်တွေလည်း ရှိပါသေးတယ်။

(လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရဘူးလို့ စကားပုံရှိတယ်။ တကယ်တော့ လှေကားထမ်းလာတာလည်း မမြင်ရဘူးကွ။ " သူက အဲဒီလိုပြောတော့ ကျွန်တော်လည်း ကြောင်အမ်းအမ်းဖြစ်သွားတယ်။ "လှေကားထမ်းလာတာကို ဘာလို့မမြင်ရမှာလဲဗျ၊ ခင်ဗျာရူးနေလို့လား။" အဲဒီအခါ သူက မချိုမချဉ်ပြုံးပြီး ကျွန်တော်ကိုပြန်ပြောတယ်။ သူ့စကားကတော့ အတိုင်းအတာတစ်ခုထိ ဒဿနဆန်နေသယောင်၊ လေးနက်သယောင်ရှိနေလေရဲ့။"လူတွေက လှေကားတစ်စင်း ထမ်းထားကြတယ်ကွ ။ ဒီဘဝကနေ သေလွန်သွားတဲ့အခါ၊ တစ်ချို့က အဲဒီလှေကားနဲ့ မိုးပေါ်တတ်သွားကြပြီး။ တစ်ချို့ကတော့ အဲဒီလှေကားနဲ့ပဲ ငရဲ ပြည်ကို ဆင်းသွားကြတယ်။") (စုန်းကိုက် ခံရတဲ့ သစ်သီးမှ)

ဒါလည်း သူလက်ခံထားတဲ့ အမှန်တရားတစ်ခုပါပဲ။ လူဟာ သေပြီးနောက် ဘာဖြစ်မယ်ဆိုတာ ဘယ်လို အတိအကျပြောနိုင်မှာမို့လို့လဲလေ။

တာရာမင်းဝေအားလေ့လာခြင်းWhere stories live. Discover now