ကြောက်ရွံမိသော
369 41 2
မနေ့ညက  အိပ်မက်တစ်ခုမက်ခဲ့တယ်
အိပ်မက်က ကိုယ်အတွက် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲ
ဆိုရင် ကိုယ်က အိပ်နေရင်းတောင် ငိုနေခဲ့တာ
အိပ်မက်ထဲမှာ...
သူက ကျမတို့အားလုံးက်ု ကျောပေးထားတယ်
့သူကျမတို့ကို ထားသွားတော့မယ်တဲ့...
စကားတစ်ခွန်းကို ကျမတို့ အထပ်ထပ်အခါခါ
ရည်ရွတ်နေခဲ့ကြတယ်...
ကျေးဇူးပြုပြီး ထားမသွားပါနဲ့...
အရာအားလူံး အဆင်ပြေတာမို့
နာကျင်ရလည်း အဆင်ပြေတာမို့
ကျေးဇူးပြုပြီး ကျမတို့ကို ရွေးချယ်ပေးပါ..
ကျေးဇူးပြုပြီး ထားမသွားပါနဲ့တဲ့...
သူကပြုံးတယ်..
တစ်ခါမှ အိပ်မက်ထဲမှာ သူ့မျက်နှာ
မမြင်ခဲ့ရဖူးပေမယ့်...
ဒီတစ်ကြိမ်မှာတော့ သူကပြုံးတယ်..
မျက်ရည်တွေကြားကနေ သူပြုံးရင်းပြောတယ်
ကျေးဇူးပြုပြီး ကျနော်သူမကို ရွေးချယ်ပါရစေ
ကျေးဇူးပြုပြီး ကျနော်သူမနဲ့ ပျော်ရွှင်ပါရစေ
ကျနော် မင်းတို့အတွက် အများကြီး အချိန်တွေ
ပေးခဲ့ပြီးပါပြီ...
အခုသူမနဲ့ပျော်ရွှင်ပါရစေတော့တဲ့😅😅
အိပ်မက်ဟာ ဘယ်လောက်ထိ ပီပြင်သလဲ
ဆိုရင် အိပ်မက်လို့တောင်မထင်မိတဲ့အထိ
သူပြောခဲ့တဲ့ စကားလုံးတစ်လုံးဆီတိုင်းကို
အသေအချာကိုမှတ်မိနေခဲ့တာ...
ကြောက်တယ်...
အိပ်မက်ထဲကလို သူကျမတို့ကို
ထားသွားမှာကို...
တကယ်ကြောက်မိတယ်...
ဖန်သားပြင်ပေါ်ကနေ
ငေးကြည့်ခွင့်လေးတောင် မရှိတော့မှာကို..
Han ရေ....
ခင်ဗျား ဘယ်သူနဲ့ပဲရှိနေပါစေ
ကိုယ်တို့ ဘယ်လောက်ပဲ နာကျင်ရပါစေ
အဆင်ပြေတာမို့ ...
ကျေးဇူးပြုပြီး ထားမသွားပါနဲ့နော်...
အဝေးကနေ ငေးကြည့်ခွင့်လေးတော့
ကျမတို့မှာ အခွင့်အရေးရှိသင့်တယ်မလား...
311017
11:50PM