Nge
324 24 0
အရာရာတိုင်းကို မင်းဆီပြေးမတိုင်ချင်ဘူးငယ်..ဒါပေမယ့်လေ ဒီတစ်ညပဲ မင်းကိုယ်အတွက်
ရှိနေပေးတယ်လို့ သဘောထားလို့ရမလား..
ကိုယ်ဒီနေ့မူးလဲတယ်ငယ်..
ပင်ပန်းလွန်းလို့ ဒီလောကကြီးက ထွက်သွားချင်ပေမယ့်..
ငယ်နဲ့မတွေ့ရသေးဘူးဆိုတဲ့ အသိက
ကိုယ့်ကိုပြန်ခေါ်လာခဲ့တာ...
ကိုယ်လေ အရမ်းပင်ပန်းတယ်ငယ်..
မင်းဆီမလာနိုင်မှာကိုယ်ကြောက်တယ်..
ကိုယ့်အိပ်မက်တွေအကောင်အထည်မဖော်
နိုင်မှာကိုယ်ကြောက်တယ်...
ကိုယ့်ဘက်မှာ မင်းတစ်ယောက်တည်း
ရှိတာငယ်..
မင်းကြောင့်ကိုယ်ရှင်သန်နေတာ...
ကိုယ့်ကိုပြုံးပြပါ..
မင်းအပြုံးတွေနဲ့ အတောက်ပဆုံးပြုံးရင်း
အရာအားလုံး အဆင်ပြေသွားမှာပါလို့
နစ်သိမ့်ပေးပါငယ်...