ခင်ဗျားသို့....
298 28 0
ကျွန်တော့်ရဲ့ ခင်ဗျားရေ..
အရာရာကို ခင်ဗျားက ကြိုသိထားခဲ့ပြီးသားဆိုတာ ကျွန်တော်ဘာလို့များ သတိမထားမိခဲ့ပါလိမ့်....
ခင်ဗျားပင်ပန်းနေခဲ့တာကို နည်းနည်းလေးတောင်မကြည့်ပေးခဲ့..
အတ္တဆန်စွာ ခင်ဗျားကို အတင်း အပြစ်တင်နေမိတဲ့ အဖြစ်...
သိပ်ကို အတ္တဆန်တဲ့ အရူးမဟာ
အခုထိလည်း အတ္တဆန်နေဆဲ..
ကျွန်တော့်ရဲ့ ခင်ဗျားရေ..
မြင်နေရက်နဲ့ မမြင်ချင်ယောင်ဆောင်မိခြင်းတွေပေါ့..
ကျွန်တော်က အတ္တဆန်ရခြင်းတွေမှာ ပျော်မွေ့ပါတယ်...
သိပ်ပြီး ပင်ပန်းတဲ့အခါ  ခင်ဗျားက
အဲ့ဒီမိန်းကလေးနဲ့ပျော်ရွှင်ပါ..
ကျွန်တော်က တိမ်တွေကို ငေးရင်း
အဲဒီမိန်းကလေးကို ခပ်တိုးတိုး ကျိန်စာတိုက်မယ်...
ပြောသားပဲ..
ကျွန်တော်က အတ္တဆန်ရခြင်းတွေမှာ ပျော်မွေ့နေဆဲပါဆို..။.။