11:11အတွေးများ
361 35 0
အမှန်တရားကို ကိုယ်မေ့ထားတယ်
အမှန်က မေ့ချင်ယောင်ဆောင်နေတာ
သူတစ်ယောက်ထဲကိုပဲ ကြည့်တယ်
အခြားတစ်စုံတစ်ယောက်မပါဝင်တဲ့
သူ့အကြောင်းပဲတွေးတယ်...
တစ်ခါတစ်ခါ မေ့ပျောက်ချင်ယောင်
ဆောင်ထားတဲ့ ခါးသီးတဲ့ အမှန်တရားတစ်ချို့ 
ကို သတိရမိတဲ့အခါ...
နှလုံးသားက ခပ်ပါးပါးတော့ နာကျင်ပါတယ်
လို့ဆိုတယ်..
ပြီးတော့ မျက်ရည်အချို့  ပေါက်ခနဲကျတယ်
ဒီလောက်ပါပဲ...
တစ်ခါတစ်လေမှာ အမှန်တရားက
သူသောက်နေကြ ကော်ဖီတွေလို
ခပ်ပြင်းပြင်းလေးခါးသက်တယ်..