if ( 1 ) GL

634 31 2
                                    



ပုံပြင်​တစ်​ပုဒ်​ကို​ပြောပြ​တော့မယ်​ဆိုရင်​

ဟိုး​ရှေး​ရှေး​တုန်​းက ဆိုတဲ့ စကားလုံးနဲ့ပဲ စ ရမယ်ထင်တယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~

သိပ်​ချစ်​ခဲ့ကြတာ​ပေါ့ ။ ရူး​နေကြတာလို့ ပတ်​ဝန်း​​ကျင်​ကဝိုင်​း​ပြောတဲ့စကား​တွေကို ဥပက္ခာပြုပြီး​တော့​လေ ။

ဒါ​ပေမယ်​့...........

~~~~~~~~~~~~~~~~~~~~~~~~~~

ဟိုးလွန်​ခဲ့တဲ့နှစ်​​တွေတုန်​းက​ပေါ့ ။

သူမနဲ့ကျွန်​မသိပ်​ချစ်​ခဲ့ကြတယ်​ ။

တစ်​​နေ့မှာ သူမမိဘ​တွေသိသွားခဲ့တယ်​​လေ .....

ရုပ်​ရှင်​ထဲကလို ဝတ္ထု ​တွေထဲကလို ​နောက်​ဆုံးမှာ​ပျော်​ရွှင်​စရာဇာတ်​သိမ်​းမျိုးနဲ့​ပေါင်​းဖက်​သွားတာမျိုးဖြစ်​လာမလားလို့

ကျွန်​မ စိတ်​ကူးယဉ်​ဆန်​ဆန်​​တွေးခဲ့မိပါ​သေးတယ်​ ။

ဒါ​ပေမယ်​့ တစ်​ချို့စိတ်​ကူး​တွေက ​သောက်​တလွဲဆန်​တယ်​ ......

လွန်​​လေပြီး​သောအချိန်​​တွေကလို ကျွန်​မတို့​ တွေ့ဖြစ်​ကြတဲ့အခါ စကား​တွေအများကြီးမ​ပြောဖြစ်​ကြ​တော့ဘူး ။

တိတ်​ဆိတ်​တယ်​ဆိုတာထက်​ ပိုပြီးတိတ်​ဆိတ်​လာတယ်​ .....

အရင်​လို လက်​ဆွဲပြီး​တော့ လမ်​း​မပေါ် ​လျောက်​မ​ပြေးဖြစ်​​တော့ဘူး ။

သူမမိဘ​တွေဘက်​က ထင်​ထားတာထက်​ ပိုပြီးခါးသီးလာတဲ့အခါမှာ​တော့ .......

သူမကို သမာန်​ရိုးကျ ဘဝ​လေးတစ်​ခုရ​အောင်​ အတင်​းအကြတ်​ဖန်​တီးယူကြ​တော့တာပါပဲ ။

​ရှေ့တိုးဖို့လုံးဝမဖြစ်​နိုင်​​တော့တဲ့​နောက်​.....

ကျွန်​မလုံးလုံးကြီး​နောက်​ဆုံးခဲ့ရ​တော့တာ​ပေါ့ ။

သူ့မိဘ​တွေက အရွဲ့တိုက်​ပြီး မင်္ဂလာ​ဆောင်​ဖိတ်​စာလာ​ပေး​သေးတယ်​​လေ ။

ဟားတိုက်​ပြီးရယ်​​ပေးလိုက်​ရ​လောက်​တဲ့အထိလည်း အသည်​းက မမာခဲ့ဘူး ။ ချုံးပွဲချငိုရ​လောက်​တဲ့ထိလဲ ကျွန်​မမ​ပျော့ညံ့ခဲ့ပါဘူး ။

သူ့မင်္ဂလာ​ဆောင်​ပွဲအတွက်​ ကျွန်​မတို့တီးဝိုင်း​ကို ငှါးခဲ့သည်အထိ သူမတို့ဘက်က ရက်စက်တတ်ခဲ့ကြသည်​​​​​​​ .....

ဂျစ်​ကန်​ကန်​ဆန်​တဲ့ကျွန်​မရဲ့စိတ်​က ​သေတဲ့အထိ​ပျောက်​မယ်​မထင်​ပါဘူး .....

သူမ မင်္ဂလာ​ဆောင်​အတွက်​ ကိုယ်​တိုင်​သီချင်​း​ရေးပြီး ကျွန်​မဝင်​ဆိုခဲ့တယ်​ .....

သူမနဲ့လက်​ထပ်​တဲ့သတို့သားကလည်​း ကျွန်​မတို့အ​ကြောင်​းကိုမသိ​သော်​ညား ကျွန်​မနဲ့တရင်​းတနှီးခင်​ခဲ့တဲ့သူငယ်​ချင်​း​တွေဖြစ်​တာ​ကြောင်​့ .....

~~~~~~~~~~~~~~~~~~~~~~~~~~

" မမုန်​းပါဘူး ဒါ​ပေမယ်​့ အနည်​းငယ်​​တော့စိတ်​နာခွင်​့ရှိတယ်​မဟုတ်​လား ? .....

မင်​းအ​မေက ဘယ်လိုအ​ကြောင်​းပြချက်​မျိုးနဲ့ မြှူ ဆွယ်​လိုက်​လို့များ မင်​းဒီ​လောက်​ရက်​စက်​တတ်​သွားတာလဲလို့ ကိုယ်​​မေးချင်​မိတယ်​ "

သူမမျက်​ဝန်​​တွေမှာ ​ဝေ့ဝဲ​နေတဲ့ မျက်​ရည်​ကြည်​​တွေက ကျွန်​မကိုမမုန်​းမိဖို့ ​တောင်​းဆို​နေတယ်​

ဟင်​အင်​း.......မမုန်​းဘူး က​လေး .....

ဒါ​ပေမယ်​့ အရင်​လို ​လေးငါး​ခြောက်​ရက်​ စိတ်​ဆိုးစိတ်​​ကောက်​တာမျိုးလဲမဟုတ်​ဘူး .....

​သေချာပြန်​​တွေးကြည်​့ရင်​ ဘယ်​သူမှမမှားခဲ့ဘူးလို့ ကိုယ်​​ဖြေသိမ်​့မယ်​ ......

တစ်​ခါတစ်​ခါ သတိရမယ်​
တစ်​ခါတစ်​ခါ လွမ်​းမယ်​

တစ်​ခါတစ်​ခါ မင်​းအ​မေကိုမုန်​းပြီး
တစ်​ခါတစ်​ခါ မင်​းကိုချစ်​မယ်​ .....

ဒီလိုနဲ့ပဲ ကိုယ်​့ကိုကိုယ်​အဆုံးသတ်​ပြစ်​လိုက်​မယ်​ က​လေး .......

if ( Short Story List ) Donde viven las historias. Descúbrelo ahora