if ( 2 ) GL

271 28 0
                                    

သူငယ်​ချင်​း ........

သိပ်​ရိုးရှင်​းတဲ့စကားလုံး​လေး​ပေါ့

ဒါ​ပေမယ်​့ ဖြူ စင်​ခြင်​းဆိုတဲ့အဆင်​့ကို​ကျော်​လွန်​သွားရင်​​တော့ ...

သူငယ်​ချင်​းဆိုတဲ့စကားလုံးကို သူ့အလိုလိုခါးသီးလာ​တော့တာပါပဲ ။

ခင်​မင်​မှု​တွေကြာမြင်​့လာတာနဲ့အမျှ ဖွင်​့​ပြောဖို့ခက်​ခဲလာသလို သူမ မုန်​းသွားမှာကိုလဲ ပိုပို​ကြောက်​လာမိတယ်​ ။

ကျွန်​မတို့ခင်​မင်​လာခဲ့ကြတာ သုံးနှစ်​တာအချိန်​ကာလအတွင်​းမှာရှိခဲ့ပြီ ။

ကြားထဲ စိတ်​ဆိုးစိတ်​​ကောက်​ကြလို့ မ​ခေါ်ဖြစ်​ကြ​တာ​တွေလဲရှိခဲ့တာ​ပေါ့​လေ ။

~~~~~~~~~~~~~~~~~~~~~~~~~~

" သမီး အခုတ​လော ဘာ​တွေဖြစ်​​နေတာလဲ ? "

ဆရာမက​မေးလာ​တော့ ဘာ​ဖြေရမှန်​းမသိဖြစ်​ခဲ့မိတယ်​ ။

" သမီး​ကြောက်​​နေတာ ဆရာမ " လို့ ပြန်​​ဖြေလိ​ုက်​ရမလား ?

ဟုတ်​တယ်​ ​
ကြောက်​​နေတာ
ငါ​ကြောက်​​နေတာ
သူနဲ့​ဝေးရမှာ​ကြောက်​​နေတာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" သမီးအနားယူဖို့လို​နေပြီထင်​တယ်​ ပန်​း​ရောင်​
အနားယူလိုက်​ပါ ...... ခရီးတစ်​ခုခုထွက်​လိုက်​ပါ .....
​နောက်​အပတ်​တစ်​ပတ်​လုံး ဆရာမအချိန်​​ပေးလိုက်​မယ်​ "

ကျွန်​မသင်​တန်​းတက်​​နေတာလား ၊ အလုပ်​လုပ်​​နေတာလားလို့ ကိုယ်​့ကိုကိုယ်​​တောင်​​တွေးမိတယ်​
​ကျေးဇူးပါဆရာမ ​ကျေးဇူးအများကြီးတင်​ပါတယ်​

ဒါ​ပေမယ်​့ " ​ဟုတ်​ကဲ့ " ဆိုတဲ့စကားကလွဲလို့ ကျွန်​မ နှုတ်​ခမ်​း​ပေါ်က အပိုစကားလုံး​တွေထွက်​ကျ မ လာခဲ့ဘူး

~~~~~~~~~~~~~~~~~~~~~~~~~~

" အဖူး ခရီးထွက်​ရ​အောင်​ "

if ( Short Story List ) Where stories live. Discover now