ရင်ထဲကဆူး ( Natural )

98 4 0
                                    


ကျွန်မဘဝကို ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ်ဖြတ်သန်းခဲ့တယ် ။ ကျွန်မဘဝမှာ ပျော်ရွှင်မှုတွေလည်း အပြည့်ရှိခဲ့တယ် ။ အကျင့်မတူတဲ့ သူငယ်ချင်းတွေနဲ့လည်း ညှိယူပြီး နေခဲ့တယ် ။ သူငယ်ချင်းတွေနဲ့ ခရီးတွေလည်း တူတူထွက်ခဲ့ကြတယ် ။

ကျွန်မမှာ ကျွန်မကို အရာအားလုံး ရင်ဖွင့်ပြောပြတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ် ။ ကျွန်မ သူ့အပေါ်သစ္စာဖောက်ခဲ့မိလေသလား ? ကိုယ့်ရဲ့ခံစားချက်ကို လွတ်လပ်ခွင့်ပေးခဲ့မိလေသလား ? ကျွန်မကိုယ်ကျွန်မလည်း သဲသဲကွဲကွဲမသိတော့ပါဘူး ။

ဒါပေမယ့် ကျွန်မမှားခဲ့တယ်ဆိုရင်တောင် အဲ့ဒီအမှားက ကျွန်မ ရည်ရွယ်ချက်ရှိရှိနဲ့ မှားခဲ့တဲ့ အမှားမျိုးမဟုတ်ခဲ့ဘူး ဆိုတာတော့ သေချာပါတယ် ။ ကျွန်မ မရည်ရွယ်ခဲ့ရိုးအမှန်ပါ ။

အချစ်ဆိုတာကို သူငယ်ချင်းတွေ အပေါ်မှာပဲ ခံစားတတ်ခဲ့တဲ့ ကျွန်မ ၊ အချစ်ကို ကစားစရာတစ်ခုလို သဘောထားခဲ့တဲ့ ကျွန်မ က ယောက်ျားတွေ ကို ရုပ်ချောလို့ ၊ အပြောကောင်းလို့ ၊ အထင်ကြီးချင်စရာကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အချစ်မပါပဲ တွဲခဲ့ဖူးတယ် ။ ဒါကြောင့်လည်း ကျွန်မ မတွဲချင်တော့တဲ့အခါ
" Sorry ငါ နင့်ကို ရင်မခုန်တော့လို့ " ဆိုတဲ့ ခပ်လွယ်လွယ် စကားတစ်ခွန်းတည်းနဲ့ ဆက်ဆံရေးတွေအားလုံးကို ဖြတ်တောက်နိုင်ခဲ့တာပေါ့ ။

နာမည်ကို အဖျားဆွတ်ခေါ်မယ် ၊ ကို လို့ခေါ်မယ် ၊ ကျွန်မထက်ငယ်တဲ့ကောင်လေးတွေဆို မောင်လို့ခေါ်မယ် ၊ သဘောကျလာတဲ့အခါ ကိုကိုလို့ ခေါ်မယ် အဲ့လို နာမ်စားမျိုးစုံသုံးခဲ့ပေမယ့် ကျွန်မ အချစ်ဆိုတာကို မခံစားမိခဲ့ဘူး ။

အရာအားလုံးကို ပေါ့ပျက်ပျက်သိပ်နိုင်ခဲ့တဲ့ ကျွန်မ အတွက် လောကကြီးက အချစ်ဆိုတာကို နားလည်အောင် သင်ပေးဖို့မောင် ဆိုတဲ့သူ့ကို ကျွန်မဆီ ခဏတာ ပို့လွှတ်ခဲ့တယ် ။

ကျွန်မကို နာကျင်စေဖို့ သူက မရည်ရွယ်ခဲ့ပေမယ့် ကျွန်မနာကျင်ခဲ့ရတယ် ။

ဒီလောက် နာကျင်ရမယ်မှန်းသိခဲ့ရင် သူငယ်ချင်းဖိတ်တဲ့ သူတို့နှစ်ယောက်ရဲ့ One year Anniversary ကို ကျွန်မသွားခဲ့မှာမဟုတ်ဘူး ။

if ( Short Story List ) Where stories live. Discover now