ကျွန်မ အထက်တန်း တက်တော့ ကျောင်းပြောင်းခဲ့ရတယ်
အဓိကကတော့ ဖေဖေ့အလုပ်ကြောင့်ပေါ့
ခဏခဏ ပြောင်းနေရတာမျိုးမဟုတ်ပေမယ့် အခုက ဖေဖေ့အလုပ် အပြောင်းရွှေ့ကျတာကြောင့် ပြောင်းရတာပါ
ကျောင်းလည်းအသစ်ဖြစ်တာကြောင့် သူငယ်ချင်း မရှိပေမယ့် ကျွန်မက ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့လူတော့မဟုတ်ဘူးလေ...
ဒါကြောင့် ကျောင်းမှာ သူငယ်ချင်းမရှားလောက်ပါ...ကျောင်းတက်တဲ့ပထမနေ့...
ပထမနေ့မှာပဲ ကျောင်းနောက်ကျလို့တော့ အဆင်မပြေပါ...
ပြေးရဦးမည် ။တီး.....
နားထဲဝင်လာတဲ့အသံနဲ့အတူ လူက တွန်းထုတ်ခံလိုက်ရသည် ။
ကျွန်မကြောင့် လူတစ်ယောက် ခြေထောက်ကျိုးခဲ့ရသည် ။
ဆေးရုံကို သွားကြည့်ခဲ့ပေမယ့် သူက အိပ်ပျော်နေတာကြောင့် ဘာစကားမှ မပြောပဲ ပြန်လာခဲ့လိုက်သည် ။ကံကောင်းစွာပင်...
မဟုတ်သေးဘူး
ကံကောင်းတာလား ကံဆိုးတာလား
သူက ကျွန်မနဲ့ တစ်ခန်းတည်း ။
ပြီးတော့ သူက ဘယ်သူနဲ့မှ စကားမပြောပါ...
အမြဲတမ်းလိုလို နောက်ဆုံးအတန်းရဲ့ထောင့်ဆုံးမှာ တစ်ယောက်တည်းထိုင်နေလေ့ရှိသည် ။
နေ့လည်ဘက်ဆိုလျှင်လည်း ထမင်းစားခန်းထဲမှာ ထမင်းစားလေ့မရှိပါ...
မုန့်စျေးတန်းရဲ့ဝိုင်းတစ်ဝိုင်းမှာ တစ်ယောက်တည်း အမြဲတမ်းထိုင်နေတတ်သည် ။" ထိုင်လို့ရလား ? "
" ဗျာ...
ဟုတ်ကဲ့ "" ကျေးဇူး... "
ကျွန်မ သူ့ကို တစ်ယောက်တည်းမမြင်ချင်ပါ...
အဲ့ဒီထက်.....♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️
" အတော်ပဲ ဟိုကလေးနှစ်ယောက် လာဦး "
ကျွန်မတို့နှစ်ယောက် လမ်းလျောက်လာတာကို မြင်တော့ ဆရာမက လှမ်းခေါ်ကာ တန်းခွဲ A က နန်းထိုက်တော်ဝင် ဆိုတဲ့ ကျောင်းသူဆီကို စာအုပ်တစ်အုပ်သွားပို့ခိုင်းခဲ့တယ်...
အဲ့ဒီကျောင်းသူဟာလည်း သူ့လိုပဲ တစ်ယောက်တည်းနေတတ်ပြီး အမြဲတမ်းအထီးကျန်နေတတ်သူမျိုး...
မောက်မာမယ်ထင်ရပေမယ့် စိတ်ထားကောင်းသူမို့
ကျွန်မတို့ ဒီအတိုင်းပဲ ရင်းနှီးလာခဲ့ကြသည် ။ အဓိက ကတော့ ကျွန်မကြောင့်ပေါ့...
တစ်စုံတစ်ယောက် အထီးကျန်နေတာမျိုး မြင်နေရတာ မကြိုက်ပါ...
ဘယ်သူ့ကိုမှ တစ်ယောက်တည်း ဖြစ်မနေစေချင်ပါ...