ဆရာ ( BL )

42 3 1
                                    

တကယ်တော့ လူတစ်ယောက်ကို ချစ်မိဖို့ဆိုတာ  ကြောင်းပြချက်တွေမလိုပါဘူး ။
ဘာကြောင့် ချစ်လဲဆိုတာလဲ သိဖို့မလိုဘူး ။
သူမှာ ကိုယ်သဘောကျတဲ့အချက်တွေရှိမယ်
ကိုယ်သဘောမကျတဲ့အချက်တွေလည်း ရှိမယ်
ဒါမယ့် အဓိက က ကျွန်တော်တို့ ချစ်နေဖို့ပဲမလား?

❌❌❌❌❌❌❌❌❌❌❌❌

လူတိုင်းက အမှားနဲ့မကင်းပါဘူး...
ဒါပေမယ့် ကျွန်တော်ကတော့ ပိုမှားတယ်

" မင်းကျပြန်ပြီလား "

ကျွန်တော်စိတ်ပျက်စွာပင် သက်ပြင်းချမိသည် ။
ဟုတ်ပါတယ် ကျွန်တော် physic စာမေးပွဲကျတာ အခုဆို ဘယ်နခါရှိမှန်းတောင် မမှတ်မိလောက်အောင်ပင် ။
ဖြေတိုင်းကျနေတာဆို ပိုမှန်လိမ့်မည် ။

" သူ့ကိုသေသေချာချာ အနီးကပ်ပြပေးလိုက်ကွာ
မဟုတ်ရင် ဒီကောင်အောင်မှာမဟုတ်တော့ဘူး "
ဆရာ​​ကြီး ရဲ့အမိန့်သံက ပြင်းလှသည် ။

ထိုနေ့မှ စ၍ ဂိုက်ဆရာလေးမှာ ကျွန်တော့်နားတဝဲလည်လည် ....
ညတိုင်း ကျွန်တော့်နားလာထိုင်သည် ။
ကျွန်တော့်စာအုပ်ကို လက်ညှိုးလေးထောက်ကာ စာရှင်းပြတတ်သေးသည် ။
ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ ပါးချိုင့်လေးနဲ့...
ပြီးတော့ ရယ်လိုက်တိုင်း မျက်တောင်စိတ်စိတ်တွေအောက် နစ်ဝင်ပျောက်ကွယ်သွားတတ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးထဲက မျက်ဆံနက်နက်လေးတွေ...
ပြီးတော့ သူ့ရဲ့ အသံချိုချိုလေးတွေ...
ကျွန်တော်အရမ်းကို နှစ်သက်နေမိပြီ ။

အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိတဲ့ ခင်ဗျားတို့ကြားဖူးလား?
တကယ်တော့ အဲ့ဒီစကားပုံက ကျွန်တော့်အတွက် ဖြစ်လာတာထင်တယ်...

" ဆရာ ကျွန်တော် ဆရာ့ကို ချစ်မိနေပြီထင်တယ် "

" ဘာ..."

" ကျွန်တော်....
ကျွန်တော်နားလည်ပါတယ်
ဒါမယ့် ဒါက ကျွန်တော်အတွက် ပထမဦးဆုံးပါ...
ကျွန်တော် "

" ပထမနှစ်ဝက်မှာ physic အောင် အောင်ဖြေ...
အောင်ရင် အဖြေပေးမယ် "

" ဗျာ...
ဟုတ် ကျွန်တော်ကြိုးစားပါ့မယ် "

တကယ့်ကို ကျွန်တော့်အတွက် တစ်ချက်လွှတ်အမိန့်ပါပဲ...
ကျွန်တော်ကြိုးစားနေပါတယ် ။
စာမေးပွဲအောင်ဖို့ ...
မဟုတ်သေးဘူး ခေါင်းစဥ်မှားနေတယ်
ဆရာ့အချစ်ကိုရဖို့ လို့ ပြောရင် ပိုမှန်မယ်ထင်တယ်...

if ( Short Story List ) जहाँ कहानियाँ रहती हैं। अभी खोजें