Zawgyi>>>
Xiumin Chanyeol ကိုကျောင်းအနောက်ဘက်က လူပြတ်တဲ့နေရာကိုခေါ်လာလိုက်ပြီး တန်းလျားတစ်ခုပေါ်ထိုင်စေသည်
"ဘယ်လိုဖြစ်တာလဲ?"
"အာ...hyung အတွက်ကော်ဖီလာပို့တာ နောက်ကျသွားလို့ပါ"
"အဲ့တာနဲ့ သူကအပြစ်ပေးတယ်ပေါ့?"
"ဟုတ်"
"သူခိုင်းတိုင်းမင်းလုပ်စရာလား!"
စိတ်တိုတိုနဲ့အော်လိုက်မိသည်...Baekhyun ခိုင်းတိုင်းလုပ်ရအောင် သူ့ကိုယ်သူမညှာတော့ဘူးလား?သူတကယ်ဒေါသထွက်မိသည် Chanyeol ဘာလို့ Baekhyun အနိုင်ကျင့်သမျှခံနေသလဲနားကိုမလည်နိုင်တော့...
Chanyeol ကျေနပ်ရင်တောင် Xiumin မကျေနပ်နိုင်ပါ...ဘာလို့လည်းဆိုတော့...သူအတွက် chanyeol ကအချစ်ဆုံးသူငယ်ချင်းလိုပဲ ညီတစ်ယောက်ဆိုလဲဟုတ်တယ်
Chanyeol ကသူ့ရဲအထီးကျန်တဲ့ဘဝမှာ နှစ်ယောက်မရှိတဲ့ ဆွေမျိုး...သူငယ်ချင်းလိုပဲ
ဟုတ်တယ် သူ Chanyeol ကိုခင်တာထက်ပိုတယ်...ဘာစကားတစ်ခွန်းမှမပြောဘဲ သူငယ်ချင်းတောင်မရှိတဲ့ ခေါင်းလေးငုံ့ထားတတ်တဲ့ သူ့ကိုသတိထားမိရာကစိတ်ဝင်စားလာသည်
နောက်တော့မှ Baekhyun ရဲ့ညီမှန်းသိလို့သူတို့သိခွင့်ရခဲ့တာ Baekhyun နှိပ်စက်သမျှငြိမ်ခံနေခဲ့တဲ့ Chanyeol ကိုသနားတာကြောင့်အမြဲကာကွယ်ပေးခဲ့မိတယ်
သူတစ်ယောက်တည်းအထီးကျန်ဖို့ဖြစ်လာတဲ့အချိန်မှာ အနားမှာရှိနေပေးခဲ့တဲ့ Yeol ကသူ့ဘဝအတွက်တော့အရေးပါသည်
သူအော်လိုက်တော့ခေါင်းလေးငုံ့ကာ မျက်လွှာလေးချထားတဲ့ Chanyeol ရယ်...သူကမအော်စဖူးအော်လိုက်တာကိုး...
"Sorry ကိုယ်စိတ်လွတ်သွားတယ်"
"ဟင့်အင်း ရပါတယ် Hyung"
"ဟင်!လက်က..."
Chanyeol လက်ကောက်ဝတ်လေးကိုယူကြည့်မိတော့ အရှိုးရာလိုမျိုးနီရဲနေကာ အသားစလေးပွန်းနေလေသည်
"ဒါခါးပတ်ရာမဟုတ်ဘူးလား?"
"အဲ့..အဲ့ဒါက...ဟို.."
"Baekhyun လက်ချက်မလား?"
"ဟုတ်... "
ခေါင်းလေးငုံ့သွားပြန်တော့ သူမနေနိုင်စွာပြုံးပြမိပြန်သည်
ဆူမှာကြောက်လို့ထင်ပါရဲ့ အဲ့ကောင်လေးသိပ်စိုးရိမ်တတ်တာပဲ
YOU ARE READING
ကကြိုးရုပ်
Fanfictionသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee