ကကြိုးရုပ် -18

13.4K 609 57
                                    

Zawgyi>>>

Chan နိုးလာချိန်တွင် အိမ်ကိုပြန်ရောက်နေပြီဖြစ်သည် Hyung သူ့ကိုကုတင်ပေါ်တင်ပေးထားတာဖြစ်မည် အဝတ်စားတွေလဲ လဲပေးထားတယ်

အချိန်ကိုကြည့်တော့ ည ၇နာရီ...သူအတော်အိပ်ပျော်သွားသည်ပဲ...
အယ်!Hyung အတွက်ဘာမှလဲမလုပ်ပေးရသေးဘူး Hyung ဗိုက်ဆာနေတော့မှာပဲ...

Chan တွေးနေတုန်းတံခါးဖွင့်ကာ ဝင်လာတဲ့ Hyung ကြောင့်ထထိုင်လိုက်မိတယ်...

"နိုးပြီလား"

"ဟု...ဟုတ်"

သူဝတ်ပေးထားသော ဆွယ်တာပန်းနုရောင်လက်ရှည်လေးနဲ့
ဘောင်းဘီတိုလေးကိုဝတ်ထားတဲ့ Chan...တစ်ဖက်ကိုဖိအိပ်ထားသည်ကြောင့် ဖြူစွတ်သောအသားရည်တွင် ပါးဖောင်းဖောင်းလေးရဲကာနေသည်...

ဘယ်လိုတောင် အသည်းယားဖို့ကောင်းတာလဲ?

Baekhyun ငေးကြည့်နေတုန်း
Chan အိပ်ယာမှထလိုက်ကာအပြင်ထွက်ဖို့လုပ်သည်မို့ Baekhyun ကအလိုမကျသလိုကြည့်မိတယ်

"ဘယ်သွားဦးမလို့လဲ"

"အာ...ညစာချက်ရဦးမယ်လေ"

"ထားလိုက်တော့ ခေါက်ဆွဲပြုတ်ပဲစားမယ်"

"ခေါက်ဆွဲပြုတ်တွေက Hyung ဗိုက်အောင့်လိမ့်မယ်"

Chan ရဲ့စိတ်ပူသလိုစကားလေးကြောင့် Baekhyun ရယ်သည်...သူရယ်တာကြောင့်ပဲ ကောင်လေးပိစိကဘာဖြစ်လို့လဲဆိုတဲ့ ပုံစံလေးနဲ့ပြန်ကြည့်တယ်

"ကိုယ့်အတွက်စိတ်ပူမနေပဲ မင်းအတွက်သာစိတ်ပူပါ..."

"ကျွန်တော်သက်သာပါတယ်"

Chan နှုတ်ခမ်းလေးမဲ့ကာပြောနေပုံအရ သူဗိုက်အောင့်မှာအတော်စိုးရိမ်သည်ထင်သည် Baekhyun လဲ အူကြောင်ကြောင်ကောင်လေးအား စချင်လာတာနဲ့ ကောင်လေးနားနားကပ်ကာ နားရွက်ကိုလျှာဖြင့်သပ်လိုက်ရင်း...

"အခုသက်သာလဲ တော်ကြာနာချင်ရင်နာဦးမှာ"

သူ့စကားကြောင့် ပါးပြင်လေးရဲရဲတွတ်သွားကာ အယောင်ယောင်အမှားမှားအကြည့်လွှဲသည့် ပိန်းဥလေး....

"Haha...ထားလိုက်တော့ ခေါက်ဆွဲပြုတ်ပဲစားမယ်"

ရယ်ကာပြောသော Hyung ကို Chan အံ့သြသလိုလေးစိုက်ကြည့်နေမိသည်...
Hyung သူ့ကိုစနောက်သွားတာလား??

ကကြိုးရုပ် Opowieści tętniące życiem. Odkryj je teraz