Zawgyi>>>
Chanyeol Hyung ရဲ့အခန်းရှေ့မှာဒူးထောက်နေတာအတော်ကြာနေပြီဖြစ်သည် Hyung ပြန်မလာသေးသ၍သူထရမည် မဟုတ်တာကြောင့်...
~ကျွီ
ကားရပ်သံကြောင့် Hyung ပြန်လာပြီဆိုတဲ့အတွေးနဲ့တင် ကျောပြင်ကစိမ့်ခနဲအေးသွားရတယ်...
Hyung ကိုသူကြောက်သည်...နေ့လယ်ကကိစ္စကြောင့် Hyung ဘာပြောဦးမလဲမသိသေးဘူးမလား??
"Hyung..."
အိမ်ထဲဝင်လာတဲ့ Hyung ကိုယ်မှာယိုင်နေကာ အတော်သောက်လာဟန်တူသည်...Hyung ဘာတွေစိတ်ညစ်စရာရှိလို့လဲမသိ...
"Chan..."
ဒူးထောက်နေတဲ့သူ့ကိုမြင်တော့ Hyung ရဲ့တိုးလျလျခေါ်သံ...သူခေါင်းကိုငုံ့ထားမိတယ်
"ဟုတ်... hyung"
"ဘာမှမဟုတ်ဘူး ထတော့"
"ဟု..ဟုတ်"
သူထလိုက်တော့ ဒူးကနာကျင်မှုကြောင့် မရပ်နိုင်ဘဲ ရုတ်တရပ်ပြန်လဲကျသွားလေသည်...
လန့်၍မျက်လုံးစုံမှိတ်ထားမိသော်လည်း ထင်သလိုကြမ်းပြင်ပေါ်လဲမကျသွားဘဲ နွေးထွေးတဲ့ရင်ခွင်တစ်စုံထဲကျရောက်သွားတာမို့ မျက်လုံးဖွင့်အကြည့်...."H..hyung..."
"အဆင်ပြေရဲ့လား?"
"ဟုတ်"
"နမော်နမဲ့နိုင်လိုက်တာ"
ရေရွတ်ရင်း Hyung အခန်းထဲဝင်သွားတော့ သူထိုနေရာမှာတင်ကျောက်ရုပ်တစ်ရုပ်လို ရပ်ကာကျန်နေခဲ့ရသည်...အခု...Hyung ကျွန်တော့်ကိုစိတ်ပူပေးသွားတာလား??
"Chan!"
ကြည်နူးလို့မှမဆုံးသေး...အလိုမကျစွာထွက်ပေါ်လာတဲ့ အခန်းထဲက Hyung အသံကြောင့် chan အပြေးလေးသွားရပြန်သည်
"ဘာဖြစ်လို့လဲဟင်?hyung..."
"အခန်းမရှင်းထားဘူလား?!"
"အာ....အဲ့တာက...ဟို"
Hyung ဒူးထောက်ခိုင်းထား၍ မရှင်းဖြစ်သည်လို့ပြောရင်လည်း Hyung မကြိုက်တဲ့ဆင်ခြေတွေပေးရာကျပေမည်...
Shit!Hyung ကအခန်းမရှင်းရင်မကြိုက်ဘူးဆိုတာသိရဲ့သားနဲ့ Park Chanyeol မင်းတော့သေချင်နေပြီ!
YOU ARE READING
ကကြိုးရုပ်
Fanfictionသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee