ကကြိုးရုပ် -8

15K 621 83
                                    

Zawgyi>>>

Chanyeol ကျောင်းဆင်းချိန်တွင် လွတ်သွားသောအချိန်ကစာတွေကိုပြန်ကူးရင်း စာအုပ်ထဲသာခေါင်းနှစ်ထားမိတယ် Hyung ကတော့ sehun နဲ့ canteen သွားပြီလေ...

သူစာထဲအာရုံစိုက်ထားမိတုန်း အနောက်ကခပ်တိုးတိုးပြောနေသော ကောင်မလေးသုံးယောက် အသံများကိုကြားရသည် မသိချင်ယောင်ဆောင်ဖို့တွေးလိုက်ပေမဲ့ သူနဲ့ hyung အကြောင်းပါလာတာမို့နားစွင့်မိတယ်...

"ဟဲ့ Park Baekhyun နဲ့ Park Chanyeol ကဘာတွေလဲမသိဘူးနော်"

"အေးဆို နေ့ခင်းကဝင်လာတဲ့ပုံစံကြီးကနော်"

"ဟာ သူတို့ကညီအစ်ကိုတွေမဟုတ်ဘူးလား?"

"ဘယ်ကသာ...Chanyeol အမေကို Baekhyun အဖေကလက်ထပ်လိုက်လို့ ညီအစ်ကိုတော်သွားတာ သူတို့ကဘာမှဆိုင်တာမဟုတ်ဘူး"

"ဟုတ်လား?သူတို့နှစ်ယောက်ကိုဟိုတစ်လောကတောင် စတိုခန်းထဲက နှစ်ယောက်ထဲထွက်လာတာတွေ့သေးတယ်"

"ဘယ်လို?"

"အဲ့လိုဆိုရင်တော့စဉ်းစားစရာပဲ သူတို့နှစ်ယောက်က ဟို....ဟို..."

"အောင်မလေး ကောင်မတွေပြောနေတာ ဟိုမှာ Park Chanyeol ငုတ်တုတ်ကြီးထိုင်နေတာဟ"

ကောင်မလေးတစ်ယောက်ကဝင်သတိပေးမှ သူတို့သုံးယောက်လုံးသုတ်ကနဲ ထထွက်သွားကြလေသည် Chanyeol ကတော့ခေါင်းငိုက်စိုက်သာချရင်း အဓိပ္ပါယ်မဲ့စွာစာရွက်တွေပေါ်ခဲတံနဲ့ခြစ်နေမိတယ်

အခု Hyung လုပ်ရပ်ကြောင့်လူတွေအမြင်မှာ သူတို့ကသတိထားစရာဖြစ်လာပြီလေ
Hyung ကိုတော့အပြစ်မတင်ပါ...ငယ်ငယ်ထဲကလုပ်ချင်တာရှိရင် ရှေ့နောက်မစဉ်းစားပဲတဇွတ်ထိုးလုပ်တတ်တာ Hyung အကျင့်လေ...

ရှေ့လျှောက်ဘာတွေဆက်ဖြစ်နေဦးမှာလဲမသိတော့သည်မို့ Chan သက်ပြင်းသာချမိတယ်...အဆုံးသတ်မှာနာကျင်ရမယ်ဆိုရင်လည်း သူပဲခံစားရပါစေတော့

Hyung ကိုတော့ သူ့စိတ်ကြိုက်ပျော်ပျော်နေစေချင်မိတယ်...

****************************

"Baekhyun..."

"အင်း"

"Chanyeol နဲ့မင်းကဘာတွေလဲ?"

ကကြိုးရုပ် Where stories live. Discover now