ကကြိုးရုပ် -26(final)

16.5K 607 74
                                    

Zawgyi>>>

*Park group ရဲ့သားနှစ်ယောက်ကချစ်သူတွေလား??

*Park Baekhyun နဲ့ Park Chanyeol လိင်တူချစ်ကြိုက်နေတယ်ဆိုတာအမှန်ပဲလား??

*Park group ရဲ့သားနှစ်ယောက်ကဘာတွေလဲ? ကျောင်းကိုလက်ကိုင်ပြီးလာရတာဘာကြောင့်လဲ?

*Park group ရဲ့သားနှစ်ယောက်နမ်းရှိုက်နေသောပုံရိပ်များတွေ့ရှိ...Park group ရှယ်ယာများကျဆင်း...

ပလူပျံနေသောသတင်းတွေက သတင်းစာတွေထဲမှာရော ဆိုရှယ်အကောင့်တွေမှာပါလူပြောအများဆုံးသတင်းတစ်ခု...

Park group တစ်ခုလုံးလဲယောက်ယက်ခက်နေပြီး ရှယ်ယာဈေးတွေကလည်း တဟုန်ထိုးကျကုန်သည်

"Park Baekhyun shi...Park Chanyeol shi...ခင်ဗျားတို့နှစ်ယောက်ကချစ်သူတွေဆိုတာ အမှန်ပဲလား??"

ရှေ့တွင်ရှိနေသောသတင်းထောက်တွေရဲ့ မေးခွန်းတွေကြောင့် Chan ခေါင်းလေးငုံ့သွားတာမို့ Baekhyun ကောင်လေးလက်နုနုလေးကို အားပေးသလိုဆုပ်ကိုင်လိုက်သည်...

သတင်းစာရှင်းလင်းပွဲဆိုတာက Chan တစ်ခါမှမလုပ်ခဲ့ဖူးသည်မို့ ကြောက်နေခြင်း...
Baekhyun ကတော့ သူချစ်ရသူလေးကြောက်နေတာကိုသာ အာရုံရနေလေသည်...

"အဆင်ပြေရဲ့လား Chan?"

"ဟု..ဟုတ် hyung"

"စိတ်ကိုအေးအေးထားနော်?ဖြေရခက်ရင်ကိုယ်အားလုံးဖြေပေးမယ်..."

Chan နဖူးမှချွေးစလေးတွေအား တယုတယသုတ်ပေးရင်းပြောလာတဲ့ Baekhyun စကားကြောင့် ကောင်လေးခေါင်းလေးသာငြိမ့်ပြသည်

အောက်ကသတင်းထောက်တွေမှာတော့အဖြေကိုစောင့်နေသလို သူတို့နှစ်ယောက်ကိုလည်း မသကာင်္သလိုမျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေကြသည်လေ....

ထို့နောက် Baekhyun သက်ပြင်းတစ်ခုကိုချကာ Chan လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ကောင်လေးရှေ့တွင်ရပ်လိုက်သည်

"ကျွန်တော်နဲ့ Chan ကလက်ထပ်ထားပြီးသားပါ"

သူ့စကားကြောင့် သတင်းထောက်တွေရုတ်ရုတ်သဲသဲဖြစ်ကုန်ကာ ကင်မရာတွေလဲတဖြတ်ဖြတ်...

"ခင်ဗျားတို့ကိစ္စကို Park သူဋ္ဌေးကြီးကသဘောတူပါသလား?"

"တူပါတယ်"

ကကြိုးရုပ် Where stories live. Discover now