\Broken/ part(1)

3.4K 245 18
                                    

 #uni
                   •°• ကြေမွပျက်စီးနေသော
                           (သို့မဟုတ်)
                 ပြန်လည်သစ်လွင်လာသော•°•

_________________<♥>_________________

                  ▪□▪ရင်နာနာနဲ့
                         စွန့်လွှတ်ခဲ့။
                          မကြင်နာစွာနဲ့
                           ပျောက်ကွယ်သွားခဲ့။▪□▪

__________________<♥>________________

လေပြန်လောင်းကာ ချမ်းအေးလွန်သည့်
ဒီဇင်ဘာလ။
နှင်းဖြူဥတို့တစ်ပွင့်ချင်းကြွေတိုင်း
သူ့အသည်းနှလုံးအိမ်တို့
တစ်ချက်မကနာကျင်ရသည်။
ဖြစ်နိုင်မယ်ဆိုပါလျှင်
ပြက္ခဒိန် သက္ကရာဇ်များထဲမှ
ဒီဇင်ဘာဟူသောလကြီးကို
သူ အပြီးတိုင်ပယ်ဖျက်ပျောက်ချင်မိပါ၏။

ဆောင်းနှင်းဝေကာ အေးစိမ့်လွန်းသည့်
ဒီဇင်ဘာသည် သူ့အတွက်
ကံကောင်းခြင်းနှင့် ကံဆိုးခြင်းအား
ဒွန်တွဲခေါ်ဆောင်ပေးခဲ့ပါ၏။

အကောင်းအဆိုးနှစ်ဖြာမှာလည်း
တစ်ရက်တည်းတစ်ချိန်တည်းကြရောက်ခဲ့ပြန်
လေတော့ သူဟာ ထပ်၍ရူးရပြန်ရော။

လွန်ခဲ့သော လေးနှစ်က
အေးချမ်းသည့် နှင်းဝေသော
နံနက်ခင်းတစ်ခုဟာ
သူ့အတွက် အလွန်တရာမျှ အကျည်းတန်
ရုပ်ဆိုးသကဲ့သို့ သိပ်ကိုလည်း လှပသာယာ
ခဲ့ပါ၏။

>>>>>>>>>>>>>F/B

"ဆရာ ဒါပြီးရင် အစည်းအဝေးတစ်ခုရှိပါတယ်"

မျက်စိရှေ့မှ အတွင်းရေးမှူးအားအမြန်
ထွက်သွားပါစေဟူ၍သာ chanyeol
ဆုတောင်းနေမိသည်။
လက်ထက်ပြီးသည့် ခုနှစ်လအတွင်း
ပထမဆုံးအကြိမ်အဖြစ် yifanရှိရာ
တရုတ်မြေပေါ်သို့ ပြန်လည်ခြေချရခြင်း။

အိမ်ထောင်ကျပြီးသားလူတစ်ယောက်ဖြစ်ပေမယ့် အစိုးမရသောစိတ်နှလုံးတို့ကြောင့်
ထိုလူ့အား chanyeol တွေ့ချင်မိသည်။

မင်္ဂလာပွဲ၌တွေ့လိုက်ရသည့်နောက်ပိုင်းတွင်း အဆက်အသွယ်မလုပ်ဖြစ်ခဲ့။
ကိုယ်ပိုင်ဓာတ်ပုံဆိုင်ငယ်ကလေးဖွင့်ကာ
အဆင်ပြေနေပြီဟု တော့သူသိထားသည်။

မြောက်များစွာသောစာရင်းဇယားတွေကြား
ခေါင်းပုံထိုးရင်း yifanအားလွမ်းသည့်
စိတ်များကို ဖြေဖျောက်နစ်မြှုပ်စေသည်။

BROKEN-SEASON|2| (COMPLETED)Where stories live. Discover now