\Broken/Part(9)

2K 246 41
                                    

 #uni
                 •°•ကြေမွပျက်စီးနေသော
                          (သို့မဟုတ်)
                 ပြန်လည်သစ်လွင်လာသော•°•

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

"မောင်...အလုပ်ကိစ္စ အဆင်ပြေရဲ့လား"

အိမ်ထဲသို့ဝင်လျှင်သူဝင်ချင်းကြားလိုက်ရတဲ့
ချိုအီအီနဲ့သူမအသံ။

မူပိုင်အပြုံးတစ်ပွင့်အားဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေအစဉ်အမြဲချိတ်ဆွဲထားတဲ့
သူမဟာ chanyeolအတွက် ညီမတစ်ယောက်လိုသာ။

"ပြေပါတယ် သားငယ်ရော"

"ခုနကအထိအပေါ်ထပ်မှာ beakhyun oppaနဲ့
ဆော့နေသေးတယ် အခုတေယ့မောပြီးအိပ်ပျော်သွားပြီထင်တယ်"

Beakhyunနာမည်ကြားတော့သူမျက်ခုံးပင့်
မိသည်။
Krisအကြောင်းသူစုံစမ်းခိုင်းပြီးကတည်းကမတွေ့ရတော့တာတစ်ပတ်ကျော်ကျော်
လောက်ရှိပြီ။

"သွားတွေ့လိုက်ဦးမယ်နော်"

.

"Yar Byun Beakhyun မတွေ့တာ
တောင်ကြာပြီ"

အိပ်ရာထပ်တွင်နှစ်ချိုင့်စွာအိပ်ပျော်နေသော
Min choiအား တစိမ့်စိမ့်ကြည့်ရင်း
တစ်ခုခုကိုအတွေးလွင့်နေပုံရသော
Beakhyun။

"ခရီးသွားတာအဆင်ပြေရဲ့လားchanyeol"

"ပြေတယ် သူလည်းပါတယ်လေ"

'သူ' ဟူသောနာမ်စားအဆုံးမှာ ဪ ဟုတစ်လုံး
တည်းဆိုကာ ခေါင်းညိတ်ပြသည်။

"မင်းစုံစမ်းခိုင်းထားတဲ့ကိစ္စငါအကုန်သိပြီးသွားပြီ"

တည်ငြိမ်သော၊ပြတ်သားသောအသံနှင့်
ပိုင်နိုင်စွာဆိုလာတဲ့beakhyunရဲ့စကားအဆုံး
Chanyeolစိတ်လှုပ်ရှားမှုဟာ
အတိုင်းအဆမဲ့။

Krisဆိုသူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို
သူသိပ်ကိုသိချင်နေမိပါ၏။

"ငါပြောမဲ့စကားတွေကြားပြီးနောင်တမရမှာ
သေချာလားchanyeol"

"ငါနောင်တရရမဲ့ကိစ္စမျိုးရှိနေခဲ့လို့လား"

နက်ခ်တိုင်အားပြေလျော့စေပြီး
လည်တိုင်ထက်မှသူဖယ်ရှားပစ်လိုက်သည့်
တစ်ခဏ ခဲပြာရောင်နက်ခ်တိုင်လေးဟာ
ဘေးသို့လွင့်ခနဲ။

BROKEN-SEASON|2| (COMPLETED)Where stories live. Discover now