\Broken/Part(3)

2.4K 238 52
                                    

 #uni

              •°•ကြေမွပျက်စီးနေသော
                       (သို့မဟုတ်)
                   ပြန်လည်သစ်လွင်လာသော•°•

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

      ကြေမွခြင်းကို ထပ်ပြန်လောင်းလို့
      ဖြေသိမ့်ကာ ချော့မြူပေးမယ်။
      ရလာဒ်အနေနဲ့ မင်းတစ်ဘဝလုံး
      ပျက်စီးစေရမယ်♡♡♡

----------------------------♥--------------------------

ဆွဲငင်စွာ ညှို့ယူတတ်သော
မျက်ခုံးထူထူလေးများအောက်
သူနောက်တစ်ဖန်ကျရှုံးရပြန်၏။

တည်ကြည်စွာကွေးညွတ်ထားသော
နှုတ်ခမ်းပါးအောက် သူ ့အသက်ရှူသံများ
ရပ်တန့်နေ၏။

ရှေ့သို့ကမ်းလှမ်းထားသော
လက်တစ်စုံအား ရှက်အားငယ်စွာဖြင့်
နောက်သို့ပြန်ဆွဲယူရင်း

"MHZကCEOက လက်ဆွဲနှုတ်မဆက်နိုင်အောင်
မာနကြီးတာပဲ" ဟုထိုလူခနဲ့စွာပြောလေတော့
သူ့နှလုံးသားတစ်ခုလုံး ဆွဲစုပ်ယူသွားသလိုမျိုး
နာကျင်ရသည်။ ဤအသံ ဤမျက်နှာ
ဤစကားလုံးများ ဟာ တစ်ကြိမ်တစ်ခါက
သူ့ချစ်ရသူYifanနှင့် တစ်ထပ်တည်းကျနေခြင်း
ဟာအလွန်တရာမှ အံ့သြဖွယ်ကောင်လေစွ။

"ကိုကို..."

ဟုခေါ်ကာ မျက်စိရှေ့မှ ကိုကို ဟုသူထင်သော်လည်း စိတ်ထဲမှ မဟုတ်နိုင်ဟုပြန်လည်
ထင်မြင်နေမိသည့် လူသား၏ ရင်ခွင်ထဲသို့
တိုးဝင်ကာ ရှိုက်သည်းစွာ ငိုမိပါ၏။
(ဤ နေရာတွင် chanyeolသည် ကုမ္ပဏီကြီးတစ်ခု၏ CEOဟူသည့်အချက်အားဆင်ဆာ
ဖြတ်ထားပါရစေ)

ရုပ်ပျက်စွာ ငိုရှိုက်ရင်း ထိုလူ့ခါးအစုံအား
လက်များဖြင့်တင်းကြပ်စွာထွေးပွေ့ထားမိလေတော့ သင်းပျံ့ပျံ့ကိုယ်ရနံံ ့ဟာ
Chanyeolကိုပိုပြီး ဆွေးစေတယ်။

အလျင်မပြက်ကျဆင်းနေသောမျက်ရည်စ
များသည် chanyeol၏ပါးပြင်ထက်မှသည်
Mr.Krisဆိုသူ၏ ပခုံးပေါ်သို့ ကူးပြောင်း
နေရာယူနေကြသည်။

"ဟေ့.ခဏနေဦးလေ
ဘာလို့ငိုနေရတာလည်း"

"လွမ်းနေခဲ့တာ~~~"

ဟု သူပြောတော့
ထိုလူ့ထံမှ သက်ပြင်းချသံတစ်ခုအား
ကြားလိုက်ရပါသေး၏။

BROKEN-SEASON|2| (COMPLETED)Onde histórias criam vida. Descubra agora